ပေါင် ၅၂ ဒသမ ၂ သန်းဖြင့် ဖရက်ဒ် မန်ယူသို့ ပြောင်းရွှေ့လာတော့မည်

ရှက်တာဒိုးနတ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖရက်ဒ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပေါင် ၅၂ ဒသမ ၂ သန်းနဲ့ ပြောင်းရွှေ့လာဖို့ ရှိနေပြီးတော့ လာမယ့်တပတ်အတွင်းမှာ ဆေးစစ်မှုခံယူမယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် အဆိုပါကစားသမားကို မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ အပြိုင်အဆိုင် ခေါ်ယူဖို့ကြိုးပမ်းခဲ့ကြပေမယ့် မော်ရင်ဟိုရဲ့ အသင်းကိုပဲ ပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့ပါတယ်။ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်းဖြစ်ပြီးတော့ ထပ်ပေါင်းပြောင်းရွှေ့ကြေးနဲ့ဆိုရင် တော့ စုစုပေါင်း ၅၂ ဒသမ ၂ သန်းထိရှိခဲ့တာလည်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ ဖရက်ဒ်ကိုခေါ်ယူဖို့ မဖြစ်နိုင်တော့တာကြောင့် နာပိုလီကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ပေါင်သန်း ၅၀ ကျော်နဲ့ခေါ်ယူသွားဖို့ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up