DVB Logo
Home
မြန်မာသတင်း
ဦးစိုးဝင်းကို စီမံဘဏ္ဍာဝန်ကြီးအဖြစ် သမ္မတနှင့် လွှတ်တော် အတည်ပြု
DVB
·
June 1, 2018
ဦးစိုးဝင်းကို စီမံဘဏ္ဍာဝန်ကြီးအဖြစ် သမ္မတနှင့် လွှတ်တော် အတည်ပြု
1 / 2
Donate to DVB

ရာထူးက နုတ်ထွက်သွားတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းရဲ့ နေရာမှာ ဦးစိုးဝင်းကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း မေ ၃၁ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတက အမိန့်စာ ထုတ်ပြန်ထားပါတယ်။

ဦးစိုးဝင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးဖို့ မေ ၂၈ ရက်က ဦးစိုးဝင်းရဲ့ ကိုယ်ရေးအကျဉ်းကို နိုင်ငံတော်သမ္မတက လွှတ်တော်ကို ပေးပို့ထားခဲ့တာပါ။

မနေ့ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတော့ ဦးစိုးဝင်းကို  ကန့်ကွက်သူမရှိတဲ့အတွက် အတည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့ပါတယ်။

“ယင်းပုဂ္ဂိုလ်နဲ့စပ်လျဉ်းပြီး ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း ပေးပို့ရမယ့် နောက်ဆုံးသတ်မှတ်ချိန်ထိ ကန့်ကွက်ချက် တစုံတရာ မရှိတဲ့အတွက် ဦးစိုးဝင်းအား စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၂၈ နဲ့အညီ ကြေညာပါ တယ်။’’

ဦးစိုးဝင်းဟာ ဝိဇ္ဇာ၊ ဥပဒေဝိဇ္ဇာ၊ စီမံခန့်ခွဲရေး ဒီပလိုမာ (BA, BL,DMA) ဘွဲ့တွေ ရရှိထားပြီး Deloitte Touche Myanmar Vigour Advisory Limited ကုမ္ပဏီမှာ   Country Managing Partner အဖြစ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

ဦးစိုးဝင်းကို မော်လမြိုင်မြို့မှာ ၁၉၃၈ ခုနှစ်က မွေးဖွားခဲ့ပြီး လက်ရှိမှာ သား ၄ ဦး ရှိပါတယ်။ လတ်တလော ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် မစိုးရိမ်ကျောင်းလမ်းမှာ နေထိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013