DVB Logo
Home
မြန်မာသတင်း
ဖာမိုဆို အထည်ချုပ်စက်ရုံ အလုပ်သမားများ၏ တောင်းဆိုမှု မလိုက်လျောသေး
DVB
·
June 29, 2012
ဖာမိုဆို အထည်ချုပ်စက်ရုံ အလုပ်သမားများ၏ တောင်းဆိုမှု မလိုက်လျောသေး
Donate to DVB

အခုလ ၈ ရက်နေ့ကတည်းက အခြေခံလစာတိုးမြှင့်ရေး ဆန္ဒပြနေကြတဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံ စက်မှုဇုန်က ဖာမိုဆို (Famoso) အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုမှုကို အခုချိန်ထိ အလုပ်ရှင်က မလိုက်လျောပေး သေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

[caption id="attachment_27296" align="alignleft" width="285" caption="ဖာမိုဆို အထည်ချုပ်စက်ရုံ အလုပ်သမားများ"][/caption]

ဖာမိုဆိုစက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို မင်္ဂလာဒုံမြို့နယ် အလုပ်သမားရုံးက ညှိနှိုင်းပေးရာမှာ မပြေလည်တဲ့အတွက် အလုပ်သမား ဖျန်ဖြေရေးရုံးကို ဆက်တင်ပြခဲ့ကြပြီး ခုံသမာဓိကလည်း အခြေခံလစာကို ညှိနှိုင်းပေးလို့ မရတာကြောင့်  မြို့နယ်ဆီကိုပဲ  ပြန်လွှဲပြောင်းပေးခဲ့တယ်လို့ ဆန္ဒပြအလုပ်သမား မဟေမာန်ချစ်က ပြောပါတယ်။

“သူတို့ပေးထားတဲ့ လစာက အရမ်းကြီးနှစ်ကြီးမှ ၇ သောင်းကျော် ရတာ။ အဲဒီအတွက်ကြောင့် ညီမတို့ မိသားစု ဒီကုန်ဈေးနှုန်းနဲ့ စားဝတ်နေရေးက မလောက်ငဘူး။ ကျမတို့ သူဌေးက တခြားစက်ရုံတွေတိုးရင် ကျမတို့ကိုလည်း တိုးပေးမယ်လို့ ပြောထားတာ။ အခု တခြားစက်ရုံတွေက ထပ်တိုးတောင်းလို့ ကျမတို့ကလည်း တိုးတောင်းတာပါ။ အဲဒါကို မလိုက်လျောပေးတာ။ အဲဒါကြောင့် မြို့နယ်ရုံးကနေ တိုင်း၊ တိုင်းကနေ ခုံသမာဓိအထိ တက်ပြီး ကျမတို့ကိစ္စကို တင်ပြတာပေါ့။ ခုံသမာဓိရုံးကလည်း အဲဒီကိစ္စကို မရှင်းပေးနိုင်ဘူး။ သူက ထပ်ပြီးတော့ မြို့နယ်ရုံးကို ပြန်ချပေးလိုက်တယ်။ အလုပ်ရှင်နဲ့ အလုပ်သမားကိစ္စ အဲဒီမှာ ရှင်းဆိုပြီး ပြန်ချပေးလိုက်တယ်။”

အလုပ်သမားဖျန်ဖြေရေးရုံးက ဆုံးဖြတ်ချက်ချမယ်လို့ အလုပ်ရုံ အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနညွှန်ချုပ် ဦးဝင်းရှိန်က ဇွန် ၂၅ ရက်နေ့က ပြောဆိုခဲ့တဲ့အတွက် ၂၆ ရက်နေ့မှာ အလုပ်ပြန်ဆင်းကြတာလို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသူ မသက်သက်အောင်က ပြောပါတယ်။

“ညွှန်ချူပ် ဦးဝင်းရှိန်နဲ့ နေပြည်တော်က ဦးသက်နိုင်တို့က ကြာသပတေးနေ့ နောက်ဆုံးထားပြီး ဆုံးဖြတ်ချက်ချမှာပါဆိုတော့ ဆန္ဒပြနေတဲ့သူတွေက ပြန်ဝင်သွားတယ်။ မနေ့က ဆုံးဖြတ်ချက်ကျတဲ့အခါကြတော့ ဘာမှရေရာတဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး။ ဒါနဲ့ နေ့လယ်က မြို့နယ်ကို ဖုန်းနဲ့မေးတဲ့အခါကျတော့လည်း မြို့နယ်ကလည်း သူတို့ဆီကို ခုံသမာဓိရုံးက လွှဲတဲ့စာ ပြန်မကျလာသေးတဲ့အတွက် မြို့နယ်ကလည်း ခုထိ မညှိနှိုင်းပေးသေးဘူး။ ညှိရမှာက အခြေခံလစာ တခုပဲကျန်တယ်။”

အနောက်တိုင်းဝတ်စုံတွေ ချုပ်တဲ့ ဖာမိုဆို စက်ရုံကို ဂျပန်နိုင်ငံသားတဦး ပိုင်ပြီး မြန်မာနိုင်ငံမှာ စက်ရုံ ၃ ရုံ တည်ထားပါတယ်။ မင်္ဂလာဒုံ စက်မှုဇုန်က စက်ရုံမှာတော့ အလုပ်သမား ၆၅၄ ဦး ရှိပြီး အခြေခံလုပ်ခ လစာ ၁ သောင်း ၄ ထောင်ကျော်ပဲ ပေးတဲ့အတွက် ၃ သောင်းတိုးပေးဖို့ ဇွန် ၈ ရက်နေ့ကစပြီး ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ရန်ကုန် လှိုင်သာယာစက်မှုဇုန် အပါအ၀င် ရွှေပြည်သာ၊ မှော်ဘီမြို့နယ်က စက်ရုံအလုပ်ရုံက အလုပ်သမားတွေဟာ အခြေခံ လစာ ၃ သောင်းတိုးပေးရေး ပြီးခဲ့တဲ့ မေလကတည်းက ဆန္ဒပြတောင်းဆိုခဲ့ကြရာ စက်ရုံအတော်များများ ပြေလည်မှု ရရှိခဲ့ပါတယ်။

အလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းအရ မေလအတွင်း လစာတိုးမြှင့်ရေး တောင်းဆိုတဲ့ စက်ရုံပေါင်း ၅၇ ရှိရာ အများစုက ပြေလည်မှု ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013