DVB Logo
Home
မြန်မာသတင်း
အခမဲ့ကျောင်းမှ ၁၀ တန်းအောင်ပြီးသူများ တက္ကသိုလ်တက်ရန် ခက်ခဲနေ
DVB
·
June 29, 2012
အခမဲ့ကျောင်းမှ ၁၀ တန်းအောင်ပြီးသူများ တက္ကသိုလ်တက်ရန် ခက်ခဲနေ
1 / 3
Donate to DVB

ဧရာဝတီတိုင်း နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဘိုကလေးမြို့ အခမဲ့ကျောင်းတွေမှာ ဆယ်တန်းအောင်မြင်ပြီးတဲ့ ကျောင်းသားတွေ တက္ကသိုလ်ဆက်တက်ဖို့ အခက်အခဲ ကြုံနေကြပါတယ်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဘက) တွေနဲ့ ပညာဒါနကျောင်းတွေ အတော်များများဟာလည်း ကုန်ကျမှုများတာကြောင့် ကျောင်းသားတယောက်ကို တက္ကသိုလ်အထိ ထောက်ပံ့ပေးနိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သဒ္ဓမ္မပါလဇောတိကာရုံ ကျောင်းထိုင်ဆရာတော် ဦးဇာဂရက မိန့်ပါတယ်။

“ခံစားချက်ကတော့ စိတ်မကောင်းစရာပါပဲ။ ဘာလို့လဲဆိုတော့ ဘုန်းဘုန်းတို့ဘက်ကလည်း ၁၀ တန်းအောင်တဲ့ထိပဲ လုပ်ပေးနိုင်တယ်။ ၁၀ တန်းအောင်သွားပြီးတဲ့အခါကျတော့ တက္ကသိုလ် ဆက်မတက်နိုင်ကြဘူး။ အဲ့တော့ သူတို့ဘ၀က ရိုက်ချိုးခံရသလို ဖြစ်သွားတယ်။ အဲ့လိုမျိုးတွေ့ရတော့ အတော်လေး စိတ်မကောင်းစရာတော့ ဖြစ်ပါတယ်။ နာဂစ်ဖြစ်ပြီးသွားတော့ မိဘမဲ့တွေအများကြီးပဲ ဘုန်းဘုန်းကူညီပေးထားတာ။ ကျောင်းမှာနေတာတွေလည်း အများကြီးရှိတယ်။ ကျောင်းမှာနေရာ မပေးနိုင်လို့ အပြင်မှာပဲနေပြီး လာတက်တာတွေလည်း ရှိတယ်။ နာဂစ်ဒဏ်ကို ခံလိုက်ရတဲ့ မိဘတွေမှာ အခုထိ နာလန်မထူနိုင်ဘူး။ လယ်ယာမြေတွေမှာလည်း အသီးအနှံ အရောင်းအ၀ယ်ကအစ ဘာမှမကောင်းဘူး။ မကောင်းတဲ့အခါကျတော့ ဒီကလေးတွေအတွက် ရှေ့ရေးက ရင်လေးစရာကောင်းတယ်။”

ဧရာဝတီတိုင်းအတွင်းမှာ ဆယ်တန်းအောင်မြင်ပြီးသွားတဲ့ သူတွေဟာ ပုသိမ်၊ မအူပင် စတဲ့တက္ကသိုလ်တွေကို သွားတက်ကြရပါတယ်။

နေ့ကျောင်းမတက်ဘဲ  အဝေးသင်တက်မယ်ဆိုရင်တောင်မှ အနီးကပ် တက်ရမယ့် အချိန်၊ စားမေးပွဲသွားဖြေရမယ့် အချိန်တွေမှာ နေဖို့စားဖို့တွေနဲ့ ကျောင်းအပ်ခ သင်တန်းကြေး အပါအ၀င် မြို့ကိုသွားဖို့စရိတ် စတဲ့  အထွေထွေ ကုန်ကျမှုတွေ ရှိမှာ ဖြစ်ပါတယ်။

[caption id="attachment_27286" align="alignright" width="259" caption="မ၀င်းမာစိုး"][/caption]

ဘိုကလေးမြို့ သဒ္ဓမ္မပါလအခမဲ့ပညာဒါနကျောင်းက မ၀င်းမာစိုးက အဝေးသင် စာသင်နှစ် ၁ နှစ်ကို  ၁ သိန်းခွဲလောက် ကုန်ကျတဲ့အတွက် မိသားစု စားဝတ်နေရေး အဆင်မပြေလို့ ကျောင်း မတက်နိုင်ဘူးလို့ ပြောပါတယ်။

“စားဝတ်နေရေးက အရမ်းခက်ခဲတယ်။ အဖေကလည်း အခု မိုးတွေရွာနေတော့ အလုပ်လုပ်လို့မရဘူး။ သမီးတို့တွေ အရမ်းစားဝတ်နေရေး ခက်ခဲနေတယ်။ တက္ကသိုလ်ဆက်တက်ဖို့ မဖြစ်နိုင်ဘူး။ ပညာသင်စရိတ်ကို ဘယ်လိုမှ မတတ်နိုင်တော့ မသင်နိုင်တော့ဘူး။”

မ၀င်းမာစိုးဟာ ၂၀၁၁-၂၀၁၂  တက္ကသိုလ်ဝင်တန်း စားမေးပွဲမှာ ၁ ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013