DVB Logo
Home
မြန်မာသတင်း
မြေယာသိမ်းပြီး လျော်ကြေးမပေးသည့်အတွက် ဒေသခံများ မကျေမနပ်ဖြစ်နေ
DVB
·
June 29, 2012
မြေယာသိမ်းပြီး လျော်ကြေးမပေးသည့်အတွက် ဒေသခံများ မကျေမနပ်ဖြစ်နေ
Donate to DVB

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ရွှေအင်းတိန်ကျေးရွာအုပ်စုမှာ အထက်ဘီလူးချောင်း ရေအားလျှပ်စစ် စီမံကိန်းအတွက် မြေယာတွေ သိမ်းဆည်းပြီး ထိုက်သင့်တဲ့ လျော်ကြေးမပေးတဲ့အပြင် ကျေးရွားဖွံ့ဖြိုးရေး လုပ်ပေးမယ်ဆိုပြီး ၃ နှစ်ကြာတဲ့အထိ မလုပ်ပေးတဲ့အပေါ် ဒေသခံတွေ မကျေမနပ် ဖြစ်နေကြပါတယ်။

ဒီစီမံကိန်းကို ၂၀၀၉ ခုက စတင်ပြီး NEO Energy ကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေတာ ဖြစ်ပါ တယ်။ ကုမ္ပဏီအနေနဲ့ လျော်ကြေးငွေတွေအပြင် စာသင်ကျောင်းတွေ၊ ဆေးရုံတွေ အပါ ဆောက်ပေးမယ်လို့ ပြောခဲ့ပေမယ့် ခုချိန်ထိ ဘာမှဆောင်ရွက်မပေးဘူးလို့ ပြောပါတယ်။

လျော်ကြေးကို ပေါက်ဈေးအတိုင်း မပေးတဲ့အတွက် လက်မခံကြတာလို့ လယ်သမား တဦး က ပြောပါတယ်။

“သူတို့ပေးတယ်။ ဒါပေမယ့် ကျနော်တို့က လက်မခံဘူး။ ၂ သိန်း ၁ သောင်း နစ်နာကြေးပေးတဲ့ အချိန်တုန်းက ၁ ဧကို ၇ သိန်း ပေါက်ပါတယ်။”

ရေအားလျှပ်စစ် စီမံကိန်းအတွက် ဆိုပြီး ကျေးရွာ မြေယာတွေ အများအပြား သိမ်းဆည်းခံခဲ့ရတဲ့အပြင် စိုက်ပျိုးထားတဲ့ သီးနှံတွေလည်း ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။

“အသီးအနှံတွေကို ဘူဒိုဇာနဲ့ ထိုးအုပ်လိုက်တယ်လေ။ ကျနော်မှာ ၁၀ ဧက ပါသွားတယ်။ သူတို့ ဘာမစကားမှ လာမပြောဘူး။ ကျနော်တို့ ပိုင်ရှင်တွေနဲ့လည်း ဘာမှမဆွေးနွေးဘူး။”

အခုလက်ရှိ အဲ့ဒီဒေသမှာ အရင်ထက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းလာပေမယ့် စီမံကိန်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်လာမှာကို လည်း စိုးရိမ်နေကြတယ်လို့ လယ်သမားက ပြောပါတယ်။

“လမ်းပန်းဆက်သွယ်ရေး ပိုကောင်းလာတယ်။ အင်းသူအင်သားတွေအတွက် မီး ၂၄ နာရီရရင် ကောင်းတာပေါ့။ ဒါပေမယ့် ဆိုးကျိုးကတော့ရှိပါတယ်။ ဒီရေချောင်းကြီးကို ပိတ်သွားပြီး ရေအားလျှပ်စစ်ဆောက်မယ်ဆိုရင် ဒီ အင်းတိန်ချောင်းကို မှီခိုနေရတဲ့ လူတွေအတွက် ရေလုံလောက်မှုမရရှိဘဲ သူတို့ရဲ့ စိုက်ပျိုးရေးကို ထိခိုက်သွားနိုင်ပါတယ်။”

အခုလက်ရှိ ​ကျေး​ရွာ​တွေမှာ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးနဲ့ သုံးနေရပါတယ်။ မြေယာတွေ အသိမ်းခံရသူတွေအနေနဲ့ အလုပ်အကိုင် အခက်အခဲတွေ ရှိနေပြီး သက်ဆိုင်ရာကို စာရေးတိုင်ကြားထားပေမယ့် အခုထိ အကြောင်းမပြန်သေးဘူးလို့ ပြောပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/belu chaung/]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013