DVB Logo
Home
သတင်းဓာတ်ပုံ
ရခိုင်ဒုက္ခသည်များအတွက် အလှူ (ဓာတ်ပုံသတင်း)
DVB
·
June 29, 2012
Donate to DVB

မန္တလေးမြို့ ဂရိတ်ဝေါရှော့ပင်းစင်တာမှာ ရခိုင်ပြည်က ဒုက္ခသည်တွေအတွက် လှူဒါန်းပွဲတခု ဒီနေ့ပြုလုပ်ခဲ့ပါတယ်။

လှူဒါန်းပွဲကို Mobile Trading Group က ကြီးမှူးကျင်းပခဲ့တာဖြစ်ပြီး Mobile Trading Group က ငွေကျပ် ၁၅ သိန်း၊ Great Wall Shopping Center ရဲ့ ဈေးသူဈေးသားတွေက ငွေကျပ် ၇ သိန်းနဲ့ Orange Mart က ငွေကျပ် ၁၂ သိန်းအပြင် အဝတ်အထည်တွေကိုလည်း လှူဒါန်းခဲ့ကြပါတယ်။ ကျန်တဲ့ ပုဂ္ဂိုလ်တဦးချင်းအလိုက်၊ မိသားစုအလိုက် လှူဒါန်းငွေတွေလည်း ရရှိခဲ့ပါတယ်။

ရရှိလာတဲ့ အလှူငွေတွေကို စိမ်းရောင်စို Activities ကနေတဆင့် ရခိုင်ပြည်က ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေအတွက် လှူဒါန်းသွားမှာပါ။

ဒီပွဲမှာ ဖျော်ဖြေရေးအစီအစဉ်တွေအဖြစ် မျက်လှည့်၊ အကနဲ့ peace weapon band ရဲ့ သီဆို တင်ဆက်မှုတွေ ပါဝင်ခဲ့ပါတယ်။

(ဓာတ်ပုံ- ချစ်ကို)

Read more

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013