ရွှေပန်းပင်ချောင်း ရေကျော်တံတား ဖြတ်သန်းစဉ် တွဲကားတစီး မြေကျွံကျ

  မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ တောင်တွင်းကြီး-နတ်မောက်သွား ကားလမ်းပေါ်ရှိ ရွှေပန်းပင်ချောင်း ရေကျော်တံတားမှာ မနေ့ညက ကုန်အပြည့် တင်ဆောင်လာတဲ့ တွဲကားတစီး  ဖြတ်ကူးစဉ် မြေကျွံကျခဲ့ပါတယ်။ မေ၂၉ ရက်ညဦးပိုင်းက မိုးအဆက်မပြတ်ရွာလို့ ချောင်းရေတွေ ကျဆင်းချိန်မှာ နောက်တနေ့ ညနေ ၅ နာရီခွဲလောက်က အောင်လံမြို့နေ ယာဉ်မောင်း ပြည့်ဖြိုးအောင်နဲ့ ယာဉ်နောက်လိုက် အောင်ရာဇာမင်းလိုက်ပါ မောင်းနှင်လာတဲ့ အဖြူရောင်တွဲကားယာဉ်ဟာ သကြားအိတ် ၃၂ တန် တင်ဆောင်ပြီး မန္တလေးကိုအသွား တံတားပေါ်မှာ  မြေကျွံကျခဲ့တာပါ။ ကားဦးခေါင်းပိုင်းဟာ တဖြည်းဖြည်း နစ်မြုပ်သွားခဲ့ပါတယ်။ ယာဉ်ပေါ်လိုက်ပါသူတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ သိရပါတယ်။ တွဲကား မြေကျွံကျမှုကြောင့် လမ်းပိတ်ဆို့ကာ ခရီးသည်တင် မော်တော်ယာဉ်တွေ သွားလာမှု ကြန့်ကြာခဲ့တယ်လို့ သိရပါတယ်။ သတင်း - သားကြီး(တောင်တွင်းကြီး)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up