အသတ်ခံရသည်ဟု သတင်းထွက်ခဲ့သည့် ရုရှားဂျာနယ်လစ်အား ယူကရိန်းသမ္မတ တွေ့ဆုံ

ဓာတ်ပုံ - ရိုက်တာ
လွန်ခဲ့တဲ့ရက်ပိုင်းက အသတ်ခံခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြခံခဲ့ရတဲ့ ရုရှားဂျာနယ်လစ် ဘက်ဘ်ချန်ကို (Arkady Babchenko) ကို မေလ ၃၀ ရက်နေ့မှာ ယူကရိန်းသမ္မတ ပေါ်ရိုချန်ကိုက တွေ့ဆုံခဲ့ပါတယ်။ ဂျာနယ်လစ် ဘက်ဘ်ချန်ကိုဟာ ယူကရိန်းလုံခြုံရေးတပ်ဖွဲ့ အစောင့်အရှောက်နဲ့ အသက်ရှင်လျက် ပြန်လည်ထွက်ပေါ်လာခဲ့ပြီး သူအသတ်ခံရတယ်ဆိုတဲ့ သတင်းအမှားတွေဟာ ရုရှားအစိုးရက သူ့ကိုသတ်ဖို့ ကြိုးပမ်းခဲ့တဲ့ကိစ္စကို လှည့်စားခဲ့တာ ဖြစ်တယ်လို့ ဘက်ဘ်ချန်ကိုက ပြောပါတယ်။ ဘက်ဘ်ချန်ကိုဟာ ရုရှားသမ္မတ ပူတင်ကို ဝေဖန်လေ့ရှိသူဖြစ်ပြီး ရုရှားရဲ့ ယူကရိန်းနဲ့ ဆီးရီးယားအပေါ် ထားရှိတဲ့ မူဝါဒတွေကိုလည်း ဝေဖန်လေ့ရှိသူဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up