Saturday, June 10, 2023
HomeLead Storyအဂတိလိုက်စားမှု တိုက်ဖျက်ရေး ပူးပေါင်းလုပ်ဆောင်ရန် မြန်မာနှင့် ကိုရီးယား လက်မှတ်ထိုး

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပူးပေါင်းလုပ်ဆောင်ရန် မြန်မာနှင့် ကိုရီးယား လက်မှတ်ထိုး

မြန်မာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့  ကိုရီးယားသမ္မတနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့အခွင့်အရေးကော်မရှင်တို့အကြား နားလည်မှု စာလွှာ (MOU) ကို မေ ၃၀ ရက်က  တောင်ကိုရီးယားနိုင်ငံမှာ သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာလွှာ (MOU) ကို မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နဲ့ ကိုရီးယားသမ္မတနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ပတ်အန်ဂျွန်းတို့က ကိုရီးယားသမ္မတနိုင်ငံ ဆေးဂျုံမြို့မှာ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြတာပါ။

သဘောတူညီချက်အရ အဂတိလိုက်စားမှု တိုက်ဖျက်တာနဲ့ တားဆီးကာကွယ်တဲ့ လုပ်ငန်းတွေကို နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ဖို့ အသိပညာပေး အစီအစဉ်တွေနဲ့ ကျွမ်းကျင်မှုနည်းပညာ မြှင့်တင်ရေးလုပ်ငန်းတွေ ဖလှယ်ကြမှာ ဖြစ်ပါတယ်။

ဦးအောင်ကြည် ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ  ကော်မရှင်အဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ စာရင်းစစ်ချုပ်ရုံးတို့က တာဝန်ရှိသူတွေ လုက်ပါသွားပြီး ကိုရီးယားနိုင်ငံရဲ့ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်သုံးသပ်ရေး အတွေ့အကြုံများကို လေ့လာရန်ဖို့ အလုပ်သဘော လေ့လာရေး သွားရောက်တာလို့ အစိုးရပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ရဲ့ နှစ်စဉ်ထုတ်ပြန်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ အဂတိလိုက်စားမှု အခြေအနေ ညွန်းကိန်းအရ  နိုင်ငံပေါင်း ၁၈၀မှာ မြန်မာနိုင်ငံက အဆင့် ၁၃၀ မှာရပ်တည်နေပါတယ်။

သမ္မတသစ်ဦးဝင်းမြင့်ကတော့ သမ္မတတာဝန်ယူပြီးတဲ့နောက် မတ်လ ၃၀ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကနေ  ပြည်သူလူထုကို ပထမအကြိမ် မိန့်ခွန်းပြောကြားရာမှာ အဂတိလိုက်စားမှုတွေကို ပိုမိုတိုက်ဖျက်ရမယ်လို့ ပြောကြားထားပါတယ်။

ဓာတ်ပုံ-MOI

RELATED ARTICLES
- Advertisment -
Google search engine

Most Popular