Home
မြန်မာသတင်း
မှတ်ပုံတင် ၂ခု ကိုင်ဆောင်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး တရားစွဲခံရ
DVB
·
May 30, 2018
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦးကို နိုင်ငံသားစိစစ်ရေးကတ် ၂ ခု ကိုင်ဆောင်မှုနဲ့ မော်လမြိုင်မြို့နယ်တရားရုံးက မေ ၂၉ ရက်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၀ နဲ့ တရားစွဲဆိုလိုက်ပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြားကို လိမ်လည်ရန်အလို့ငှာ အတုပြုကိုင်ဆောင်တာ၊ မရိုးမဖြောင့်တဲ့ သဘောနဲ့ ဖခင်အမည်နဲ့ လူမျိုးကို ဖုံးကွယ်လိမ်လည်ခဲ့တယ်ဆိုပြီး မော်လမြိုင်မြို့နယ် လ.၀.က ဦးစီးမှူး ဦးအေးမင်းက ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဒိုင်းဝန်ကွင်းနယ်မြေ ရဲစခန်းမှာ တရားလိုပြုလုပ် တိုင်ကြားခဲ့တဲ့အမှုကို မနေ့က စတင် တရားစွဲလိုက်တာ ပါ။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုင်ဆောင်ခဲ့တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်၊ အောက်လမ်းမှာ နေထိုင်တဲ့ ဒေါ်ချိုအေး ကိုင်ဆောင်တဲ့ ကတ်ပြားအမှတ် ၁၀/သထန(နိုင်) ၀၉၉၈၇၁နဲ့ တူနေတာကြောင့် ရပ်ကွက်နေ ပြည်သူတွေက မွန်ပြည်နယ် လွှတ်တော်ကိုတင်ပြ တိုင်ကြားထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ တင်ပြစာ၊ အသနားခံစာနဲ့ အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ် ၂၇/၂၀၁၇ ရဲ့ ဆုံးဖြတ်ချက် အပိုဒ် ၃(ခ)(၁) အရ အုပ်ချုပ်ရေးမှူး တယောက်အနေနဲ့ အရည်အချင်းမရှိဘူးလို့ မွန်ပြည်နယ်အစိုးရအဖွဲ့ကို အကြောင်းကြားစာ ပေးပို့ထားကြောင်း ပြည်နယ်လွှတ်တော်ရုံးက သိရပါတယ်။ သတင်း - ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024