DVB Logo
Home
မြန်မာသတင်း
ရခိုင်ဒုက္ခသည်များအတွက် အလှူငွေကောက်မည့် အနုပညာရှင်များ ခွင့်ပြုချက်မရ
DVB
·
June 28, 2012
ရခိုင်ဒုက္ခသည်များအတွက် အလှူငွေကောက်မည့် အနုပညာရှင်များ ခွင့်ပြုချက်မရ
Donate to DVB

ရခိုင်ဒေသမှာ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေအတွက် ကူညီထောက်ပံ့ဖို့ အနုပညာရှင်တွေ အလှူငွေ ကောက်ခံမယ့် အစီအစဉ်ကို ရန်ကုန်တိုင်း အစိုးရအဖွဲ့က လုံခြုံရေးအကြောင်းပြပြီး ပိတ်ပင်လိုက်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ နေတိုး၊ ၀တ်မှုံရွှေရည်တို့ အပါအ၀င် နာမည်ကျော် အနုပညာရှင်တွေ စုပေါင်းပြီး ရန်ကုန်မြို့ပေါ်ရှိ ဈေးဝယ်စင်တာတချို့မှာ လာမယ့်စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ရခိုင် ဒုက္ခသည်တွေအတွက် လှည့်လည်အလှူငွေကောက်ခံဖို့ စီစဉ်ထားကြတာဖြစ်ပါတယ်။

[caption id="attachment_27232" align="alignleft" width="300" caption="ဒါရိုက်တာ ၀ိုင်း"][/caption]

ဒီလို စီစဉ်ထားတာကို စကိုင်းနက် ရုပ်သံ အပါအ၀င် မီဒီယာပေါင်းစုံ ကနေ အသိပေးကြေညာထားကြပြီး၊ ပါဝင်မယ့် အနုပညာရှင်တွေကလည်း သူတို့ရဲ့ ရိုက်ကွင်းတွေကို ဖျက်ထားကြကာ  အစစ အဆင်သင့် ပြင်ဆင်ထားကြပြီး လည်း ဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီ အစီအစဉ်ကို လုံခြုံရေးကြောင့် လုပ်ခွင့်မပြုနိုင်ဘူးလို့ တိုင်းအစိုးရအဖွဲ့က ဒီနေ့ အကြောင်းကြားလာတာမို့ နားမလည်နိုင်ဘူးလို့  ပွဲစီစဉ်သူ တဦးဖြစ်တဲ့ ဒါရိုက်တာ ၀ိုင်း က ပြောပါတယ်။

“ကျနော်တို့က ဒီနေ့မနက်ကတောင် အစည်းအဝေးထိုင်နေတာ ဘယ်နေရာမှာ အဖွဲ့ခေါင်းဆောင်တွေ နဲ့ ဘယ်လိုလုပ်ကြမယ်။ စနစ်တကျပေါ့နော်။ ၁၁ နာရီလောက်မှာ အစည်းအဝေး ပြီးသွားတော့ ကျနော်က ဂျန်းရှင်းစကွဲကို သွားတယ်။ ကြည်ဖြူသျှင်နဲ့ ကိုလူမင်းက မော်တင်ကို သွားနေတဲ့အချိန်မှာပဲ ကျနော့်ဆီ ဖုန်းဝင်လာတယ်။ မသွားတော့နဲ့ ဒီဟာက မရတော့ဘူးတဲ့။ မနေ့က ကတ်ဘိနက် အစည်းအဝေးမှာ ဆုံးဖြတ်ချက် ချတယ်။ ဒီဟာကို လုံခြုံရေးအရ ခွင့်မပြုနိုင်ဘူးဆိုတော့။ ကျနော်တို့ နားမလည်နိုင်ဘူး။ လုံခြုံရေးအရဆိုတာက ဘာလုံခြုံရေးလဲ၊ တစ်အချက်က  ကျနော်တို့ကို အန္တရာယ်ပေးမယ့်သူ မရှိဘူးဗျာ။ ပွဲပါမစ်မပေးတဲ့အပေါ်မှာ ကျနော်တို့က တကယ် နားမလည်တာပါ။”

အခုလို အနုပညာရှင်တွေ စုပေါင်းပြီး ရန်ကုန်မြို့ပေါ်က ဈေးဝယ်စင်တာတွေမှာ အလှူငွေကောက်ခံမယ့် အကြောင်း ရုပ်ရှင်အစည်းအရုံးက တဆင့် သက်ဆိုင်ရာကို ဇွန် ၂၃ ရက်လောက်က အကြောင်းကြားထားခဲ့ပါတယ်။

အလှူငွေကောက်ခံမယ့်ထဲပါဝင်တဲ့ ရုပ်ရှင်သရုပ်ဆောင်တချို့ဟာ သူတို့ရဲ့ ဖေ့စ်ဘွတ် အင်တာနက် စာမျက်နှာတွေက တဆင့် သူတို့ရဲ့ ပရိသတ်တွေကို ကြိုတင် အသိပေးထားကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013