မိုနာကို ကွင်းလယ်လူ ဖာဘင်ဟိုကို လီဗာပူးခေါ်ယူရန် သဘောတူညီမှုရ

ဓာတ်ပုံ - ရိုက်တာ
လီဗာပူးအသင်းဟာ ပြင်သစ်ကလပ် မိုနာကို ကွင်းလယ်ကစားသမား ဖာဘင်ဟိုကို ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။ အသက် ၂၄ နှစ်အရွယ် ဘရာဇီး ကွင်းလယ်ကစားသမားကို လီဗာပူးက ပေါင် ၃၉ သန်း ဝန်းကျင်နဲ့ ခေါ်ယူတာလို့ ဗြိတိသျှမီဒီယာတွေက ခန့်မှန်းပါတယ်။ ဖာဘင်ဟိုဟာ ကွင်းလယ်ခံစစ် ကစားသမားတယောက်ဖြစ်ပြီး စာချုပ်သက်တမ်းကုန်လို့ လီဗာပူးကနေ ထွက်ခွာတော့မယ့် အမ်မရီကန်ရဲ့နေရာမှာ အစားထိုးဖို့ ခေါ်ယူလိုက်တာပါ။ ဖာဘင်ဟိုဟာ ပေါ်တူဂီကလပ် ရီယို အေ့ အသင်းကနေ ၂၀၁၃ မှာ ပြင်သစ်ကလပ် မိုနာကိုအသင်းကို ရောက်ရှိလာတာပါ။ သူဟာ အသင်းနဲ့အတူ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ပြင်သစ် အမှတ်ပေးချန်ပီယံဆုကို ရရှိထားပါတယ်။ ဖာဘင်ဟိုဟာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၄ ကြိမ် ကစားဖူးထားပေမယ့် လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီး လူစာရင်းမှာတော့ ပါဝင်ခြင်းမရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up