Wednesday, May 31, 2023
HomeLead Storyပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ပထမအဆင့်မှ ထွက်

ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ပထမအဆင့်မှ ထွက်

ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ အော့စ်တာပန်ကိုနဲ့ နာမည်ကြီး ဗီးနပ်စ်ဝီလျံတို့ ပထမအဆင့်ကနေပဲ ထွက်လိုက်ရပါတယ်။

နိုင်ခြေအဆင့် ၅ သတ်မှတ်ခံထားရတဲ့ လတ်ဗီးယားသူ အော့စ်တာပန်ကိုဟာ ယူကရိန်းက ကော့ဇ်လိုဗာကို ၇-၅၊ ၆-၃ နဲ့ နှစ်ပွဲပြတ် အရေးနိမ့်ခဲ့တာကြောင့် ပထမအဆင့်ကနေ ထွက်ခဲ့ရတာပါ။

နိုင်ခြေအဆင့် ၉ ရှိ အမေရိကန်က ဗီးနပ်စ်ဝီလျံကတော့ တရုတ်က ဝမ်ကျိယန် (Wang Qiang) ကို ၆-၄၊ ၇-၅ နဲ့ နှစ်ပွဲပြတ်နဲ့ပဲ ရှုံးနိမ့်ပြီး ထွက်ခဲ့ရတာပါ။

အမျိုးသားတဦးချင်းပွဲတွေမှာတော့ ဘူလ်ဂေးရီးယားက ဒီမီထရော့ဗ်က အီဂျစ်က ဆာဝက်သ်ကို အနိုင်ရခဲ့သလို ဘယ်လ်ဂျီယံက ဂေါ်ဖင်ကလည်း ဟော်လန်က ရော်ဘင်ဟတ်ဆီကို အနိုင်ယူခဲ့ပါတယ်။

နောက်ထပ် ပထမအဆင့်ပွဲစဉ်တွေကိုတော့ မေလ ၂၈ ရက်မှာ ဆက်ကစားမှာဖြစ်ပြီး ဂျိုကိုဗစ်၊ ရာဖေးလ်နာဒဲလ် စတဲ့ နာမည်ကြီး ကစားသမားတွေနဲ့အတူ ရှာရာဗိုဗာ၊ ဝေါ်ဇနီယာကီ စတဲ့ အမျိုးသမီး ကစားသမားတွေရဲ့ ပွဲစဉ်တွေ ဆက်ပြီး ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ရာဖေးနာဒဲလ်က နိုင်ခြေအဆင့် ၁ သတ်မှတ်ခံထားရပြီး ဆွစ်ဇာလန်က နာမည်ကြီး ရော်ဂျာဖက်ဒရာကတော့ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိပါဘူး။

အမျိုးသမီးပြိုင်ပွဲမှာတော့ ရိုမေးနီးယားက ဆိုင်မွန်ဟေးလက်ပ်၊ ဝေါ်ဇနီယာကီ၊ မူဂါယူဇာ စတဲ့ ကစားသမားတွေက နိုင်ခြေအဆင့် အများဆုံးအဖြစ် သတ်မှတ်ခံထားရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular