ဒေါ်အောင်ဆန်းစုကြည်ကို ပဲရစ်မြို့တော်သူဆု ချီးမြှင့်
DVB
·
June 28, 2012
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပဲရစ်မြို့တော်ခန်းမမှာ ပဲရစ်မြို့တော်ဝန် Bertrand Delanoe က ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်သူဆုကို မနေ့က ချီးမြှင့်လိုက်ပါတယ်။
ပဲရစ်မြို့တော်ဝန်က ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီနဲ့အတူ လူသားတွေ လွတ်လပ်ရေးအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး အမျိုးသမီးတယောက်မှာ ရှိတဲ့ ကြင်နာမှု၊ ငြိမ်းချမ်းမှုတွေနဲ့ အကြမ်းမဖက် တိုက်ပွဲဝင်မှုတွေကြောင့် ပဲရစ်မြို့ကြီးက သူကို လေးစားချစ်ခင်ရတာ ဖြစ်တယ်လို့ ဆုချီးမြှင့်ပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြင်သစ်နိုင်ငံအနေနဲ့ အခုလို ဂုဏ်ပြုတဲ့အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ရပြီး လွတ်မြောက်ရေး ညီမျှမှုနဲ့ ဒီမိုကရေစီလိုလားတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒကို ပြင်သစ်နိုင်ငံအနေနဲ့ နားလည်စေလိုကြောင်း၊ ပြင်သစ်လူထုကလည်း နီးနီးကပ်ကပ် ရပ်တည်သွားမယ်လို့ မျှော်လင့်ကြောင်း ပြင်သစ်ဘာသာနဲ့ ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဆုကို ၂၀၀၄ ခုနှစ်က ရထားတာဖြစ်ပြီး ၈ နှစ် အကြာမှာမှ ဆု ကို ကိုယ်တိုင် လက်ခံရယူနိုင်ခဲ့တာပါ။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/paris/]