Home
မြန်မာသတင်း
မြန်မာပြည်မှ မလေးရှားသို့ပို့ဆောင်သည့် ဒေါ်လာ ၁၈ သန်းတန် စိတ်ကြွဆေးများဖမ်းမိ
DVB
·
May 28, 2018
33748805_10156312849412305_2035576570000703488_o
မြန်မာနိုင်ငံကနေ သင်္ဘောနဲ့ ပို့ဆောင်လိုက်တဲ့  မက်သာဖက်တမင်း စိတ်ကြွ မူးယစ်ဆေးဝါး ၁ ဒဿမ ၂ တန်နီးပါးကို ဖမ်းဆီးရမိပြီး ဒါဟာ မလေးရှားမှာ ဖမ်းဆီးရမိသမျှထဲ စံချိန်တင်ပမာဏဖြစ်တယ်လို့ မလေးရှားအာဏာပိုင်တွေက ဒီကနေ့  ထုတ်ဖော်ပြောပါတယ်။ တန်ဖိုး မလေးရှားရင်းဂစ်ငွေ ၇၁ သန်း(အမေရိကန်ဒေါ်လာ ၁၈ သန်း)ရှိပြီး အလေးချိန် ၁၁၈၇ ကီလိုဂရမ်ရှိတဲ့ မူးယစ်ဆေးဝါးတွေဟာ ရန်ကုန်မြို့ကနေ မလေးရှားနိုင်ငံ၊ ကလန် ဆိပ်ကမ်းဆီ ရောက်လာခဲ့တာဖြစ်တယ်လို့ မလေးရှားအကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဆပ်ဗရိုမေးနီးယန်း သော်လက်ဆီက သတင်းထောက်တွေကို ပြောပါတယ်။     “ဒါဟာ ဖမ်းဆီးမိသမျှ တန်ဖိုးအရရော၊ ပမာဏအရပါ အများဆုံးဖြစ်ပါတယ်။” မေလ ၂၂ ရက်က ဒီဖမ်းမိမှုမှာ ဒီသွင်းကုန်တွေကို စားသောက်ကုန်တွေအဖြစ်သာ ဖော်ပြ ထားခဲ့ပြီး နီလိုင်းမြို့က မူးယစ်ဆေးဝါးစစ်ဆေးရေးဌာနချုပ်ကိုပို့ ဆောင်စစ်ဆေးခဲ့ချိန်မှာတော့ ရွှေဝါရောင် လက်ဖက်ရည်ထုတ်အသွင်ထုတ်ထားခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို တွေ့ရှိခဲ့ရတာလို့ ဆပ်ဗရိုမေးနီးယန်းက ပြောပါတယ်။     “ကျနော်တို့ စုံစမ်းစစ်ဆေးနေတုန်းပါ။ ဒါပေမယ့် ခုဖမ်းမိသူတွေဟာ မြန်မာနိုင်ငံဘက်နဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုတာ ယုံကြည်ပါတယ်။” ခုဖမ်းဆီးရမိမှုမှာ သံသယရှိတဲ့ တရားမ၀င်မှောင်ခိုသမား ၆ ဦးကို ဖမ်းဆီးထားပြီး အဆိုပါ မူးယစ်ဆေးဝါးတွေကို လက်ဖက်ရည်ထုတ်အသွင်နဲ့ ရေကြောင်းမှတဆင့် တင်သွင်းခဲ့တာလို့ ဆိုပါတယ်။     ဖမ်းမိခဲ့သူ ၆ ဦးထဲမှာ မြန်မာနိုင်ငံသား ၃ ဦးနဲ့ မလေးရှားနိုင်ငံသား ၃ ဦးပါဝင်ပြီး လက်ရှိမှာတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။     အရှေ့တောင်အာရှနိုင်ငံတွေထဲက အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေမှာလည်း အခုနှစ် အတွင်း မူးယစ်ဆေးဝါးတွေကို ခုလိုစံချိန်တင် ဖမ်းမိခဲ့ပါသေးတယ်။ မက်သဖက်တမင်း မူးယစ်ဆေးဝါးဈေးကွက်ဟာ အာရှဒေသမှာ သတိပြုမိ လောက် အောင် ကြီးထွားလာနေပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကို ခြိမ်းခြောက်မှုအ သွင်ဆောင်နေခဲ့ တယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်ပြစ်မှုဆိုင်ရာရုံး(UNODC)ရဲ့ ၂၀၁၇ အစီရင်ခံစာ က ဆိုပါတယ်။     မြန်မာနိုင်ငံမှာတော့ ဆယ်စုနှစ်တွေနဲ့ချီပြီး အစိုးရထိန်းချုပ်မှုမရှိတဲ့ နယ်စပ်ဒေသတွေမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတွေရှိနေပြီး အရှေ့တောင်အာရှရဲ့ မက်သဖက်တမင်းရရှိရာ အကြီးမားဆုံး ပင်ရင်းတခုဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - ရိုက်တာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024