
ကြေးမုံ၊ မြန်မာ့အလင်း အစရှိတဲ့ အစိုးရသတင်းစာတွေကို အရင်ကလိုမဟုတ်ဘဲ အသွင်သဏ္ဌာန်နဲ့ အနှစ်သာရ အရပါ ပြောင်းလဲဖို့အတွက် မနေ့က နေပြည်တော်မှာ စာတမ်းဖတ်ပွဲတခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ အစိုးရတာဝန်ရှိသူတွေရဲ့ သွားလာလှုပ်ရှားမှုတွေကိုချည်း မထည့်တော့ဘဲ သတင်းတန်ဖိုးကို ကြည့်ပြီး ထည့်သင့်တဲ့အကြောင်း၊ ၁၉၆၂ ခုနှစ် မတိုင်ခင်ကာလက သတင်းစာတွေလို နိုင်ငံ့အရေးကို ဝေဖန်သုံးသပ်တဲ့ ကဏ္ဍတွေ အမြောက်အမြား ထည့်သွင်းဖော်ပြသင့်တဲ့ အကြောင်းလည်း စာနယ်ဇင်း ပညာရှင်တွေက အကြံပြု ဆွေးနွေးခဲ့ကြပါတယ်။ ခေတ်အဆက်ဆက် အစိုးရသတင်းစာတွေမှာ အာဏာရှင်တွေရဲ့ အာဘော်တွေကိုသာ ထည့်သွင်း ဖော်ပြခဲ့ရာမှ အခုလို အပြောင်းအလဲတွေ ပြုလုပ်တော့မယ့်အပေါ် စာဖတ်သူတွေရဲ့ ထင်မြင်ယူဆချက်တွေကို ရေးသားထားခဲ့နိုင်ပါတယ်။