DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသား ၆ ပါတီ ပူးပေါင်း၍ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မည်
DVB
·
June 27, 2012
Donate to DVB

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အကြား ငြိမ်းချမ်းရေး လုပ်ငန်းတွေ ပိုမိုအောင်မြင်ဖို့အတွက် တိုင်းရင်းသားနိုင်ငံရေးပါတီတွေက မကြာခင်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ စီစဉ်နေပါတယ်။

အစိုးရထံမှာ မှတ်ပုံတင်ထားတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီ ၆ ခုက ကိုယ်စားလှယ်တွေက  လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကို လာမယ့် ၈ လပိုင်းမှာ တွေ့ဆုံဖို့ စီစဉ်နေကြတာပါ။

အဲဒီနိုင်ငံရေးပါတီတွေကတော့ ၂၀၁၀ ရွေးကောက်ပွဲဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ကရင်ဖလုံစဝေါ်ဒီမိုကရေစီပါတီနဲ့ ကယန်းအမျိုးသားပါတီတို့ ဖြစ်ပါတယ်။

တပ်မတော်အစိုးရလက်ထက်တုန်းက နိုင်ငံရေးပါတီတွေကို လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်သွယ်တွေ့ဆုံခွင့် ကန့်သတ်ထားပြီး စစ်ကောင်စီ ဒါမှမဟုတ် စစ်အစိုးရနဲ့သာ ဆွေးနွေးလေ့ရှိပါတယ်။

သမ္မတဦးသိန်းစိန် တက်လာပြီးတဲ့နောက် ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည်က ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေနဲ့ အစောပိုင်းက တွေ့ဆုံခဲ့ပါတယ်။

တိုင်းရင်းသားနိုင်ငံရေးပါတီတွေ အနေနဲ့ မိမိတိုင်းရင်းသားနဲ့ သက်ဆိုင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဆီကို လာမယ့် ဩဂုတ်လကစပြီး သွားရောက် ဆွေးနွေးမှာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလှကျော်က ပြောပါတယ်။

“သက်ဆိုင်ရာ တိုင်းရင်းသားအချင်းချင်း အရင်ညှိကြည့်မှာပေါ့လေ။ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့လေ။ အဲဒီက ရတဲ့ အချက်အလက်နဲ့ ၆ ပါတီနဲ့ အပစ်အခတ်ရပ်စဲရေး အဖွဲ့ အားလုံးနဲ့ တွေ့ဆုံပြီးတော့ အဖြေရှာကြမှာပါ။ မွန်ဆိုရင် မွန်ဒေသလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးပါတီနဲ့ ညှိမယ်။ ရှမ်းဆိုရင်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အက်စ်အက်စ်အေ တောင်ပိုင်း မြောက်ပိုင်းနဲ့ ညှိမယ်။ အဲဒီလို အစုအဖွဲ့နဲ့ ညှိပြီးမှ တကယ့်အသေးစိတ်ကို စီစဉ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့ စီစဉ်ထားတာပါ။”

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက  မွန်ပြည်သစ်ပါတီဆီ၊ ချင်းအမျိုးသားပါတီက ချင်းအမျိုးသားတပ်ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ မြောက်ပိုင်း အဖွဲ့ဆီ စသဖြင့် ဆိုင်ရာဆိုင်ရာ သွားရောက်ဆွေးနွေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ဆီကို သွားဖို့တော့ ၆ ပါတီအဖွဲ့ထဲမှာ ကချင်နိုင်ငံရေးပါတီ မရှိတဲ့အတွက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (အန်ဂျီအို) တွေကနေတဆင့် ချဉ်းကပ်ဖို့ စဉ်းစားထားတယ်လို့ ဦးစိုင်းလှကျော်က ဆက်ပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှု ပံ့ပိုးကူညီရေးနဲ့ ပတ်သက်တဲ့   ကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်သွားမယ်လို့လည်း ပြောပါတယ်။

National Brotherhood Forum လို့ခေါ်တဲ့ ညီနောင်တိုင်းရင်းသား ၆ ပါတီအဖွဲ့ဟာ ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီတွေ လွှတ်တော် စတက်ကတည်းက စုစည်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013