DVB Logo
Home
ရင်ဖွင့်စာ/ပေးစာ
ကားသွင်းသည့် မူဝါဒသစ် ယာဉ်ဟောင်းပိုင်ရှင်များအတွက် အခက်အခဲဖြစ်နေ
DVB
·
June 28, 2012
ကားသွင်းသည့် မူဝါဒသစ် ယာဉ်ဟောင်းပိုင်ရှင်များအတွက် အခက်အခဲဖြစ်နေ
Donate to DVB

ကျနော်ဟာ ယာဉ်ဟောင်းပိုင်ရှင်တဦး ဖြစ်ပါတယ်။ ကားသွင်းတဲ့ မူဝါဒသစ်ဟာ ကျနော်တို့လို လက်ရှိ ယာဉ်ပိုင်ရှင်တွေအတွက် အခက်အခဲ ဖြစ်နေတာကို တင်ပြချင်ပါတယ်။

ကျနော့်မှာ အဌားယာဉ်တစီး ရှိပါတယ်။ အဲ့ဒီအဌားယာဉ်က အနည်းငယ်အိုဟောင်းနေပြီဖြစ်လို့ ကားဟောင်းအပ်ပြီး ကားသစ်သွင်းဖို့အတွက် ကညနဌာန၊ အကောက်ခွန်ဌာန၊ စီးပွားကူးသန်းဌာနကို လိုက်လံစုံစမ်းခဲ့ပါတယ်။ ကညနဌာနက အခွန် ၂၀ ရာခိုင်နှုန်း၊ အကောက်ခွန်က ၆၅ ရာခိုင်နှုန်း ကောက်ခံကြောင်း၊ အသေးစိတ်သိလိုပါက နေပြည်တော် စီးပွားကူးသန်းရုံးကို ဆက်လက်စုံစမ်းဖို့ ညွှန်ကြားခဲ့ပါတယ်။

နေပြည်တော် စီးပွားကူးသန်း (ပါမစ်) ဌာနကို ဆက်လက်စုံစမ်းရာမှာ ဌာနတာဝန်ရှိသူက ပါမစ်တန်ဖိုး ဒေါ်လာ ၅၀၀၀ မှာသာ အခွန်ကောက်ခံခြင်းဖြစ်ကြောင်း၊ ကားကုမ္ပဏီကတဆင့်သာ တင်သွင်းခွင့်ပြုထားကြောင်း၊ မိမိကိုယ်တိုင် တင်သွင်းလို့ မရကြောင်း အကြောင်းပြန်ခဲ့ပါတယ်။

အဲဒီတော့ဗျာ။ နိုင်ငံတော်ရဲ့မူဝါဒက လူတိုင်းကားစီးစေချင်တာလား၊ နိုင်ငံတော်နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း လူတွေကို ပိုချမ်းသာစေချင်တာလားဆိုတာ မေးဖို့လိုလာပါပြီ။ မည်သူမျှ ကားအဟောင်းကို မဖက်တွယ်ချင်ကြပါ။ လက်ရှိမူဝါဒက ယာဉ်ဟောင်းပိုင်ရှင်တွေအနေနဲ့ မိမိယာဉ်ကို ဒီအတိုင်းဆုံးရှုံးမယ့် အနေအထားမှာရှိနေပါတယ်။ ယာဉ်သစ်တစီးပိုင်ဆိုင်ဖို့ ကျပ်သိန်း ၁၀၀ ခန့်ရှိမှ ပိုင်ဆိုင်နိုင်မယ့် အနေအထားဖြစ်နေပါတယ်။ လူလတ်တန်းစားတွေအဖို့ ဒီငွေကြေးမှာလည်း ချက်ချင်းပေးချေဖို့ အဆင်မပြေပါ။ ပေးလည်းမပေးနိုင်ပါ။ ဒါကြောင့် ကားတင်သွင်းတဲ့ မူဝါဒသစ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေအနေနဲ့ အဆင်ပြေအောင် ဖြေရှင်းပေးစေချင်ပါတယ်။

လမင်းအောင်(ယာဉ်ဟောင်းပိုင်ရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013