ဒေါ်လာနှင့်ယူရိုငွေ စုထားသူများ လီရာငွေပြောင်းသုံးရန် တူရကီသမ္မတတိုက်တွန်း

ဒေါ်လာနဲ့ ယူရိုငွေ စုထားတဲ့ တူရကီနိုင်ငံသားတွေအနေနဲ့ တူရကီငွေ လီရာ ကို ပြောင်းသုံးကြဖို့ တူရကီသမ္မတ အာဒိုဝမ်က မေလ ၂၆ ရက်နေ့က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ဇွန်လ ၂၄ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်နဲ့ သမ္မတရွေးကောက်ပွဲမတိုင်ခင်  အာဇူရမ်မြို့မှာ ပြုလုပ်တဲ့ လူထုစုဝေးပွဲမှာ သမ္မတက အခုလိုတောင်းဆိုလိုက်တာပါ။ သမ္မတ အာဒိုဝမ်ဟာ အခုနှစ်ထဲမှာပဲ အမေရိကန်ဒေါ်လာထက် တန်ဖိုး ၂၀ ရာခိုင်နှုန်းလောက် ကျနေတဲ့ လီရာငွေတန်ဖိုးကို ပြန်မြှင့်ဖို့ ကြိုးပမ်းနေတာပါ။ အခုလို လီရာငွေ တန်ဖိုးကျနေလို့ သမ္မတ အနေနဲ့ ငွေကြေးမူဝါဒအပေါ် လွှမ်းမိုးလာမှာကို ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်နေကြပါတယ်။ နိုင်ငံသုံးငွေတန်ဖိုး ကျနေတာဟာ နိုင်ငံခြားငွေချေးထားတဲ့ တူရကီကုမ္ပဏီအများစုအပေါ် ဖိအားဖြစ်လာနိုင်တယ်ဆိုတဲ့ သတိပေးမှုတွေလည်း ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up