DVB Logo
Home
မြန်မာသတင်း
အစိုးရသတင်းစာ အသွင်သဏ္ဌာန်နှင့်အနှစ်သာရပြောင်းရန် စာတမ်းဖတ်ပွဲ ပြုလုပ်
DVB
·
June 27, 2012
အစိုးရသတင်းစာ အသွင်သဏ္ဌာန်နှင့်အနှစ်သာရပြောင်းရန် စာတမ်းဖတ်ပွဲ ပြုလုပ်
Donate to DVB

အစိုးရ သတင်းစာတွေ အသွင်သဏ္ဌာန်နဲ့ အနှစ်သာရ ပြောင်းဖို့ စာတမ်းဖတ်ပွဲတရပ် ဒီနေ့ ဇွန် ၂၇ ရက် နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပြင်ပ စာနယ်ဇင်းပညာရှင် ၅ ဦးနဲ့ လက်ရှိကြေးမုံ သတင်းစာ အယ်ဒီတာချုပ်တို့ အပါအ၀င် စာတမ်းရှင် ၆ ဦးက စာတမ်း ၆ စောင် ဖတ်ကြားတင်သွင်းခဲ့ကြတာပါ။

စာတမ်းရှင် တဦးဖြစ်တဲ့ စာရေးဆရာ ဟိန်းလတ်က  “ကျနော်တို့ အများဆုံး ဆွေးနွေးတာတော့ မျက်နှာဖုံးတွေမှာ ပြည်ထောင်စုဝန်ကြီးတွေ သွားလာ လှုပ်ရှားနေတာကို မထည့်ဘဲနဲ့ သတင်းတန်ဖိုးကို ပဲ ကြည့်ထည့်၊ ဒီပြည်ထဲရေးဝန်ကြီးတွေ သွားလာတဲ့နေရာမှာ သတင်းဖြစ်ရင် သတင်းထည့်၊ သတင်းမဖြစ်ရင် အဲဒါတွေကို ကိုယ့်ဝန်ကြီးဌာနက ထုတ်တဲ့ ၀က်ဘ်ဆိုဒ်တွေ၊ သတင်းတွေဘာတွေမှာ တင်။ အဲဒါမျိုး ဆွေးနွေးတာပါ။”

ဒါ့အပြင် သတင်းစာအချပ်ပိုတွေ ထည့်သွင်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ အမျိုးသမီးရေးရာ ကဏ္ဍတွေ ဖော်ပြဖို့၊ ၁၉၆၂ ခုနှစ် မတိုင်ခင်ကာလက သတင်းစာတွေလို နိုင်ငံ့အရေး ကို ဝေဖန်သုံးသပ်တဲ့ ကဏ္ဍတွေ အမြောက်အမြား ထည့်သွင်းဖော်ပြသင့်တဲ့အကြောင်းလည်း အကြံပြု ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ကြေးမုံသတင်းစာ အယ်ဒီတာချုပ် ဦးခင်မောင်ကျော်ဒင်က သူတင်ခဲ့တဲ့ စာတမ်းအကြောင်းနဲ့ သတင်းစာ ပြောင်းနေတယ်လို့ ပြောပါတယ်။

“လူတွေစိတ်ဝင်စားမယ့် သတင်းလေးတွေကို များများစားစား ဖော်ပြပေးတာမျိုးတွေကို၊ ပြည်သူတွေ လက်ခံလာတာလေးတွေကို ကျနော်တင်ပြပေးတယ်။ ပြီးတော့ တခြားစာတမ်းရှင်တွေရဲ့ အကြံပေးတာ၊ ဝေဖန်တာတွေကို ကျနော်က လက်ခံပေးတယ်၊ ကျနော်တို့က အခု နည်းနည်းပြောင်းလာတယ်။ ခေါင်းစဉ်တို့ ပေးစာတို့ အဲဒါလေးတွေ ပြောင်းထားတာပါ။ သတင်းစာက အခုလည်း ပြောင်းနေပါတယ်။ တနေ့နည်းနည်း တိုးတိုးပြောင်းသွားမှာပါ။”

ပြင်ပစာတမ်းရှင်တွေ အကြံပြုသွားတဲ့ထဲက ကောင်းတဲ့အချက်တွေကို ယူပြီး ဆက်ပြီးပြုပြင် ပြောင်းလဲ သွားမယ်လို့လည်း ပြောပါတယ်။

စာတမ်းဖတ်ပွဲ ပိတ်ပွဲအခမ်းအနား တက်ရောက်လာတဲ့ ပြန်ကြားရေးဌာန ဒု-၀န်ကြီးက ဒီနေ့ စာတမ်းရှင်တွေ အကြံပြုတင်ပြသွားတာကိုတွေကို လက်ခံရယူပြီး သတင်းစာတွေကို အနှေးနဲ့ အမြန် ပြောင်းသွားမယ်လို့   ပြောသွားကြောင်းလည်း စုံစမ်းသိရှိရပါတယ်။

သတင်းစာပုံစံနဲ့ အသွင်သဏ္ဌာန်ပြောင်းဖို့ ပထမအကြိမ်ပြုလုပ်တဲ့ စာတမ်းဖတ်ပွဲမှာ ဦးမြတ်သူ၊ ဟိန်းလတ်၊ ရဲတင့်၊ ရဲမြင့်ဖေ၊ ရဲနိုင်မိုးနဲ့ ဦးခင်မောင်ကျော်ဒင်တို့က စာတမ်းတင် ဖတ်ကြား ဆွေးနွေး ခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013