DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ဂွကျွန်းတွင် လူ ၁၀၀ ခန့်ကို ခရိုင်ရဲက ဖမ်းဆီး
DVB
·
June 27, 2012
Donate to DVB

ရခိုင်ပြည်နယ် ဂွမြို့ ဂွကျွန်းမှာ ကမ်းကပ်ခိုလှုံသူ ဘင်္ဂါလီအယောက် ၁၀၀ ခန့်ကို ခရိုင်ရဲက မနေ့က သွားရောက်ခေါ်ဆောင်ပြီး သံတွဲထောင်အချုပ်ကို ပို့ဆောင်တယ်လို့ ဂွမြို့ခံတဦးက ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ ရက်ခန့်ကတည်းက ဂွမြို့ကနေ မော်တော်နဲ့ တနာရီနီးပါးခန့် သွားရတဲ့ ဂွကျွန်းမှာ ဘဂါင်္လီ ၁၀၄ ယောက် ရောက်ရှိတယ်လို့ ဂွမြို့ပေါ်မှာ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

ရဲက သွားရောက် ခေါ်ဆောင်ရာမှာတော့ ၈၄ ယောက်ပဲ တွေ့ရပြီး အယောက် ၂၀ ပျောက်နေတယ်လို့ ဆိုပါတယ်။ အဲဒီအဖွဲ့ထဲမှာ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ဂွမြို့ခံက ပြောပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြန်မာနိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်း ကော့သောင်းမှာ လှေနဲ့ဝင်လာတဲ့ ဘင်္ဂါလီ အယောက် ၈၀ ကျော်ကို ဖမ်းဆီးရမိပြီး မော်လမြိုင် အကျဉ်းထောင်ကို ပို့ဆောင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

“သူတို့ကို ကျွန်းပေါ်ကနေ မနက် ၇ နာရီလောက်က သွားခေါ်တယ်။ နောက် ၁၁ နာရီလောက်ကျတော့ ဂွကမ်းနားကို ရောက်တယ်။ ပြီးတော့ နေ့လယ် ၁ နာရီခွဲလောက် သံတွဲကလုံခြုံရေးတွေနဲ့ လာပြီးခေါ်တယ်။”

ဂွကျွန်းပေါ်က ဖမ်းဆီးခံရသူတွေဟာ တဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ဘက်ကလား၊ ရခိုင်ပြည်နယ် အခင်းကြောင့် ထွက်ပြေးသူတွေလား မသိရသေးပါဘူး။ သူတို့ဟာ စက်လှေတွေနဲ့ လာကြတာဖြစ်ပြီး လှေပေါ်မှာ ရိက္ခာခြောက်၊ ဆီ၊ ဓာတ်ဆီတွေ ပါလာတယ်လို့ ဆိုပါတယ်။

ဂွမြို့ ရဲစခန်းကို ဆက်သွယ်လို့ မရပါဘူး။ ဘူးသီးတောင်မြို့နယ်မှာတော့ အခြေအနေတွေ အေးဆေးနေပေမယ့် မိုးသည်းသည်းမည်းမည်း ရွာသွန်းပြီး မြစ်ရေကြီးတာကြောင့် ဘူးသီးတောင်မြို့နယ်က ၁ ကနေ ၇ ရပ်ကွက်တွေအနက် ရပ်ကွက် ၆ ကလွဲလို့ အကုန်ရေကြီးနေပြီး တချို့နေရာမှာ ရေ ၆ ပေလောက်အထိ တက်နေတယ်လို့ ဘူးသီးတောင်ဒေသခံက ပြောပါတယ်။

စစ်တွေမြို့မဈေးထဲက ဘင်္ဂါလီဈေးသည်တွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ပိုင်ရှင်တွေလက်ကို လွှဲပြောင်းပေးအပ်နေတယ်လို့ စစ်တွေမြို့က မြို့မိမြို့ဖတွေက ပြောပါတယ်။

“ဈေးဆိုင်တွေမှာ တချိန်ချိန်မှာ ရခိုင်တွေက ဈေးဖွင့်လာရင်၊ ဒီနေရာမှာပဲ ဘင်္ဂါလီတွေကလည်း ဈေးဖွင့်လာခဲ့ရင် ပဋိပက္ခတွေဖြစ်လာနိုင်တယ်လေ။ အဲ့တော့ ဈေးပစ္စည်းတွေကို စနစ်တကျထုတ်ပြီးတော့ အစိုးရက သူတို့လက်ထဲပြန်အပ်နေတယ်။”

ဘူးသီးတောင်မြို့နယ်မှာတော့ အခြေအနေတွေ အေးဆေးနေပေမယ့် မိုးသည်းသည်းမည်းမည်း ရွာသွန်းပြီး မြစ်ရေကြီးတာကြောင့် ဘူးသီးတောင်မြို့နယ် အမှတ် ၁ ကနေ (၇) အထိ ရပ်ကွက်တွေအနက် ရပ်ကွက် (၆) ကလွဲလို့ အကုန်ရေကြီးနေပြီး တချို့နေရာမှာ ရေခြောက်ပေလောက်ထိ တက်နေတယ်လို့ ဘူးသီးတောင်ဒေသခံက ပြောပါတယ်။ ရေဘေးသင့်သူတွေကို စစ်ပြေးဒုက္ခသည်တွေ ခိုလှုံတဲ့ ဘုန်းကြီးကျောင်းတွေမှာ နေရာချထား ကူညီနေကြတယ်လို့ မြို့ခံတဦးက ပြောပြပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ အကြမ်းဖက်မီးရှို့မှုတွေကြောင့် လူ ၆၀ ကျော် သေဆုံးပြီး လူ ၁၀၀ လောက် ဒဏ်ရာရခဲ့သလို အိမ်ပေါင်းထောင်ချီ မီးလောင်ပျက်စီးခဲ့ပါတယ်။ ဒီအခင်းကြောင့် ဒုက္ခသည်တွေ သောင်းနဲ့ချီ စခန်းတွေမှာ ခိုလှုံနေကြဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013