DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှုန်း တိုးလာဟု ကုလသမဂ္ဂထုတ်ပြန်
DVB
·
June 27, 2012
မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှုန်း တိုးလာဟု ကုလသမဂ္ဂထုတ်ပြန်
1 / 3
Donate to DVB

မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန် နိုင်ငံပြီးရင် ကမ္ဘာမှာ ဒုတိယ ဘိန်းအများဆုံး စိုက်ပျိုး ထုတ်လုပ်နေတဲ့ နိုင်ငံ ဖြစ်နေဆဲဖြစ်ပြီး ဘိန်စိုက်ပျိုးထုတ်လုပ်မှု တိုးလာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုတိုက်ဖျက်ရေးရုံး (ယူအန်အိုဒီစီ) ရဲ့ ၂၀၁၂ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး အခြေအနေနဲ့ ပတ်သက်ပြီး မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ  ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၁၁ ခုနှစ်မှာ ၁၄ ရာခိုင်နှုန်း တိုးလာပြီး ကမ္ဘာ့ဘိန်းထုတ်လုပ်မှုရဲ့ ၉ ရာခိုင်နှုန်း ရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုပမာဏကတော့  ၆၁၀ တန်လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ကမ္ဘာ့ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ အာဖဂန်နစ္စတန် ကတော့   ၂၀၁၀ မှာ တန်ချိန် ၃၆၀၀ ထုတ်လုပ်ရာကနေ ၆၁ ရာခိုင်နှုန်းတိုးလာပြီး ၂၀၁၁ ခုနှစ်မှာ တန်ချိန် ၅၈၀၀ ထိတိုးလာတဲ့ အကြောင်း နဲ့ တကမ္ဘာလုံးရဲ့ ဘိန်းထုတ်လုပ်မှုဟာ ၂၀၁၁ မှာ  တန်ချိန် ၇ ထောင်လောက် ထုတ်လုပ်တယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။

ပြည်ထဲရေးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ကိုကိုကတော့  မြန်မာနိုင်ငံ မှာ မူးယစ်ဆေးဝါး ပပျောက်ရေးကို ၁၉၉၉-၂၀၀၀ ကနေ ၂၀၁၃-၂၀၁၄ ထိ ၁၅ နှစ် စီမံကိန်း နဲ့ ဆောင်ရွက်နေတဲ့အကြောင်း၊ အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ပြီး ဘက်ပေါင်းစုံက တိုက်ဖျက်နေတဲ့ အကြောင်း နေပြည်တော်မှာ မနေ့က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြောပါတယ်။

မန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်အတွင်း  နိုင်ငံတ၀န်း မူးယစ်ဆေးဝါးမျိုးစုံ ဖမ်းဆီးရမိမှုပေါင်း ၂၆၁၇ မှု ပြစ်မှု ကျူးလွန်သူပေါင်း ၃၉၉၁ ဦးရှိပြီး  စိတ်ကြွဆေးပြား ၆ သန်းနီးပါး ဖမ်းဆီးရခဲ့တယ်လို့ မြန်မာအစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။

ကရင်၊ ကချင်၊ ရှမ်း၊ ကယားပြည်နယ်တွေနဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေးစတဲ့ တိုင်းဒေသကြီးတွေ က မြို့တွေမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မနေ့က မီးရှို့ဖျက်ဆီးခဲ့ရာမှာ စုစုပေါင်းတန်ဖိုးငွေ ကျပ်သန်းပေါင်း ၈၇၀၀၄ ရှိတယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013