မြို့နယ် ၃၄ မေလ ၂၉ ရက်မှ ၃၁ ရက်အထိ ဓာတ်အား ပြတ်တောက်မည်
DVB
·
May 26, 2018
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်နဲ့မြို့နယ်တွေမှာ ဓာတ်အာလိုင်းကြိုးတွေ လဲလှယ်မှာဖြစ်တဲ့အတွက် မြို့နယ် ၃၄ မြို့နယ်တို့မှာ ယာယီဓာတ်အား ပြတ်တောက်မယ်လို့ လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက မေ ၂၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
မိုးဦးကာလမှာ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ထရန်စဖော်မာတွေ ပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနဲ့ မလွတ်ကင်းတဲ့ သစ်ပင်သစ်ကိုင်းတွေ ခုတ်ထွင်ရှင်းလင်းခြင်းနဲ့ ရေရှည်ဓာတ် အား အပြည့်အ၀ပေးနိုင်ဖို့အတွက် ဟောင်းနွမ်းပြီး ၀န်အားမနိုင်တော့တဲ့ ဓာတ်အားလိုင်းကြိုး တွေကို ကြိုးအသစ်လဲလှယ်မှုတွေ မေလ ၂၉ ရက်ကနေ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
လုပ်ငန်းဆောင်ရွက်နေချိန်အတွင်း ရန်ကုန်တိုင်းအတွင်းရှိ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ထောက်ကြန့်၊ ဥက္ကံ၊ ဒါးပိန်၊ ဖောင်ကြီး၊ အင်းတိုင်၊ မြောင်းတကာ၊ အဖျောက်၊ ရွှေလင်ပန်း၊ ထန်းတပင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ အလုံ၊ ကမာရွတ်၊ ဗဟန်း၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ လှိုင်၊ လမ်းမတော်၊ လသာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ်(တောင်ပိုင်း၊ သင်္ဃန်းကျွန်း၊ ပုစွန်တောင်၊ ရန်ကင်း၊ ဗိုလ်တထောင်နဲ့ ရွှေပေါက္ကံ မြို့နယ်တို့မှာ အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု ရှိမယ်လို့ ဆိုပါတယ်။