DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီနှင့် လ၀က ပူးပေါင်းပြီး မှတ်ပုံတင်လုပ်ပေး
DVB
·
June 27, 2012
အန်အယ်လ်ဒီနှင့် လ၀က ပူးပေါင်းပြီး မှတ်ပုံတင်လုပ်ပေး
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) နဲ့ ပဲခူးမြို့နယ်က လူဝင်မှုကြီးကြပ်ရေးတို့ ပူးပေါင်းပြီး ပဲခူးမြို့ပေါ် ရပ်ကွက်တွေမှာ မှတ်ပုံတင်လုပ်ပေးနေပါတယ်။

ဒီလ ဇွန်လ ၂၂ ရက်နေ့က စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကလျာဏီရပ်ကွက်က မှတ်ပုံတင်မရှိတဲ့ ၆၅ ဦးကို စတင် လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ ပဲခူး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်မှတ်ပုံတင် လုပ်ပေးရေး တာဝန်ခံ ကိုဂျမားက ပြောပါတယ်။

[caption id="attachment_27172" align="alignright" width="300" caption=" မှတ်ပုံတင်ပြုလုပ်ပေးနေစဉ်"][/caption]

မှတ်ပုံတင်အတွက် ငွေကျပ် ၆ ကျပ်နဲ့ ဓာတ်ပုံ ၃ ပုံဖိုး ၂၀၀ ကျပ် ကုန်ကျမှာလို့လည်း ဆိုပါတယ်။

မှတ်ပုံတင်လုပ်ပေးရတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ကိုဂျမားက “အဓိက ရည်ရွယ်ချက် ကတော့ တောင်သူလယ်သမားတွေ၊ လူလတ်တန်းစား အလုပ်သမားတွေက မှတ်ပုံတင်ဆိုတာ မမြင်ဘူးကြဘူး၊ မှတ်ပုံတင်ဆိုတာ မရှိဘူး၊ မွေးစာရင်းဆိုတာ မရှိဘူး၊ အဲလိုလူမျိုးတွေ ကျနော်တို့ တိုင်းပြည်မှာ အများကြီးရှိတယ်။ အဲလိုလူမျိုးတွေကို မှတ်ပုံတင်ရစေချင်တယ်။ ဘာလို့လဲဆိုတော့ ခရီးသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့်ပဲ ဖြစ်ဖြစ် မှတ်ပုံတင် မရှိဘူးဆိုရင် ကျနော်တို့ ပြည်သူပြည်သားတွေက အရမ်းအားငယ်ရတယ်။ ကလေးတွေ အများကြီး၊ တချို့တွေကျတော့ အဖေ၊ အမေမှတ်ပုံတင် မရှိတဲ့သူတွေအများကြီး၊ မွေးစာရင်း မရှိတဲ့သူတွေ အများကြီး၊ အဘိုးအဘွားတွေဆို နာမည်မသိတဲ့သူတွေ အများကြီး၊ တချို့တွေဆို အဖေအမေ နာမည်တောင် မသိဘူး။ အဲလိုလူမျိုးတွေ ကျနော်တို့ တိုင်းပြည်မှာ အများကြီးပဲ။”

မှတ်ပုံတင်ကို ကာယကံရှင်တွေကိုယ်တိုင် လာလုပ်ရမှာဖြစ်ပြီး ပွဲစားတွေကနေ တဆင့် လုပ်ဆောင်ပေးတာ မရှိဘူးလို့ ဆိုပါတယ်။ သွေးနှောထားတဲ့သူတွေ လာရောက်လုပ်ဆောင်ဖို့ ဆက်သွယ်ရင်တော့ လ၀က ရုံးနဲ့ တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်ဖို့ အကြောင်းပြန်တယ်လို့ သူက ပြောပါတယ်။

ပဲခူးမြို့နယ်အတွင်းက ဖိတ်ခေါ်ထားတဲ့နေရာအားလုံးကိုလည်း သွားရောက် ပြုလုပ်ပေးမှာဖြစ်တယ် လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013