DVB Logo
Home
မြန်မာသတင်း
ကုမ္ပဏီနှင့်အကျိုးတူလုပ်ဆောင်သည့် လယ်သမားများ နစ်နာဆုံးရှုံးနေ
DVB
·
June 27, 2012
ကုမ္ပဏီနှင့်အကျိုးတူလုပ်ဆောင်သည့် လယ်သမားများ နစ်နာဆုံးရှုံးနေ
1 / 2
Donate to DVB

လယ်ယာမြေ အသိမ်းခံရတဲ့လယ်သမားတွေနဲ့ ကုမ္ပဏီတွေ အကျိုးတူ လုပ်ဆောင်ရာမှာ လယ်သမားတွေဘက်က အကျိုးမခံစားရပဲ ဆုံးရှုံးမှုတွေပဲ ခံစားခဲ့ရတဲ့အတွက် လယ်ယာမြေ ပြန်လည်ရရှိရေး သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ ဖြေရှင်းပေးဖို့ ဒဂုံမြို့သစ်အရှေ့ပိုင်း လယ်သမားတွေက တောင်းဆိုလိုက်ပါတယ်။

[caption id="attachment_27166" align="alignright" width="300" caption="ကိုထွန်းမြင့်အောင် (ဓာတ်ပုံ-ဒီဗြီဘီ)"][/caption]

ဒဂုံမြို့သစ်အရှေ့ပိုင်းက ရွာသာကြီး၊ ထောင်တလုပ်၊ သုံးခွ၊ စစ်ပင်တောင် ကျေးရွာတွေက လယ်ယာမြေဧက ၂၇၀၀ ကျော်ကို ကုမ္ပဏီ ၆ ခုနဲ့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးသိန်းစိန်က တာဝန်ယူ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း လယ်သမားတွေဟာ လယ်ယာမြေတွေပေါ်က ဖယ်ပေးလိုက်ရပြီး ကုမ္ပဏီတွေဟာ သူတို့ကိုယ်တိုင် သီးစားချလုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။

လယ်သမားတဦးက “အကျိုးတူလာလုပ်ဆိုပြီး ကျနော်တို့ကို သီးစားခတောင်းတယ်၊ ၈ တင်းတောင်းတာ၊ ၁၀ တင်းတောင်းတာတို့ ရှိပါတယ်။ အဲဒါကို အကျိုးတူလုပ်တယ်ဆိုပြီးတော့ ကျနော်တို့ လယ်သမား တော်တော်များများက မသိနားမလည်တဲ့အခါ အဲဒီလိုပဲ ခံနေရတယ်။ ဒါကျနော်တို့ရဲ့ ဖြစ်စဉ်ပေါ့။ ကျနော်တို့ လယ်သမားတွေ ဖြစ်ချင်တာတော့ ကျနော်တို့ လက်ရှိလုပ်နေတဲ့ လယ်ယာမြေတွေ ဆုံးရှုံးသွားတယ်။ နောက်ပြီး အကျိုးတူဆိုတာကြီးကလည်း နိုင်ငံတော်က တကယ့်ခေါင်းဆောင်ကြီးတွေ ပြောခဲ့တာပါ။ ကျနော်တို့လယ်ယာမြေကို ပြန်လုပ်ချင်တယ်။ ကျနော်တို့မှာ အလုပ်အကိုင် မရှိတော့ဘူး” လို့ ပြောပါတယ်။

လယ်သမားတွေဟာ နည်းအမျိုးမျိုးနဲ့ သက်ဆိုင်ရာကို တိုင်ကြားတောင်းခံခဲ့ပေမယ့် အခုအချိန်ထိ ပြန်လည်မရရှိသေးတာ ဖြစ်ပါတယ်။

လယ်သမားတွေကို သွားရောက် အကူညီပေးနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ မနေ့က လိုအပ်တဲ့ အချက်အလက် အထောက်အထားတွေကို မေးမြန်းရယူပြီး သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေ သိရှိစေဖို့နဲ့ လယ်သမားအကျိုးစီးပွားကို အကာအကွယ် ပေးနိုင်မယ့် ဥပဒေတွေ ပေါ်ထွန်းလာစေဖို့ တွန်းအားပေးသွားမယ်လို့ ဆိုပါတယ်။

၈၈ မျိုးဆက်ကျောင်းသား ကိုထွန်းမြင့်အောင်က “ကျနော်တို့ ကြားသိရတာက အကျိုးတူဆိုတဲ့ နေရာမှာ၊ ဘာတခုမှ အကျိုးမတူဘဲနဲ့ ငွေရှင်ကြေးရှင်တွေနဲ့ အာဏာရ အသိုင်းအ၀ိုင်းကသာ ပေါင်းပြီးတော့ သူတို့အတွက်ကတော့ အကျိုးရှိပြီး၊ လယ်သမားတွေက အကျိုးမတူတဲ့အပြင် အကျိုးယုတ်နေတာကို တွေ့ရတယ်။ အဲဒီတော့ လယ်သမားတွေက ကိုယ့်အခွင့်အရေး ဆုံးရှုံးနေတယ်၊ ကိုယ့်အကျိုးစီးပွား ပျက်ယွင်းနေတာတွေကို ကိုယ်တိုင်ကာကွယ်ဖို့ လိုတယ်။ ကျနော်တို့ ၈၈ တွေအနေနဲ့ကလည်း လယ်သမားတွေနဲ့အတူ ရပ်တည်မှာပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ တိုင်းပြည်မှာက လယ်သမားထုကြီးက လူအများစုကြီး။ တိုင်းပြည်လူဦးရေရဲ့  ၇၀ ရာခိုင်နှုန်းကျော်တယ်။ တောင်သူလယ်သမားတွေရဲ့ ဘ၀ မချမ်းသာမပြည့်စုံပဲနဲ့ ကျနော်တို့ တိုင်းပြည်ချမ်းသာမယ်၊ ဖွံ့ဖြိုးမယ်လို့ ကျနော်တို့ ပြောလို့မရဘူး။ ဒါကြောင့် လယ်သမားတွေရဲ့ဘ၀တွေ ငြိမ်းချမ်းစွာ ရှိနေဖို့က ကျနော်တို့အတွက် သိပ်အရေးကြီးပါတယ်” လို့ ပြောပါတယ်။

အဲဒီလယ်ယာမြေတွေဟာ ဒဂုံမြို့သစ် အရှေ့ပိုင်း (ရွာသာကြီး၊ ထောင်တလုပ်၊ သုံးခွ၊ စစ်ပင်တောင်) ကျေးရွာများမှ တောင်သူဦးပိုင် ၃၅၀ ကျော် မိသားစုပေါင်း ၂၀၀၀ ကျော်ရဲ့ လယ်ယာမြေတွေ ဖြစ်ပြီး လယ်သမားတွေမှာ အထောက်အထား ခိုင်ခိုင်မာမာ ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013