ယင်းမာပင်မြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ယာဉ်မတော်တဆမှုကြောင့် သေဆုံး
DVB
·
May 25, 2018
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်မှုဆောင်ဥက္ကဋ္ဌ ဦးကျော်သိန်း (၇၀) နှစ်ဟာ မေ ၂၄ ရက် မနက် ၁၀ နာရီ ၁၅ မိနစ်အချိန်က ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်သွားပါတယ်။
ဖြစ်စဉ်မှာ ယင်းမာပင်မြို့ ပုလဲ-ဂန့်ဂေါသွားလမ်း မိုင်တိုင်အမှတ် ၁၆/၄ နဲ့ ၁၆/၅ အကြား မှာ ဦးကျော်သိန်း မောင်းနှင်လာတဲ့ ဆိုင်ကယ်အား ယာဉ်မောင်း ဇင်မောင်စိုး မောင်းနှင်လာတဲ့ MDY/7M 6019 SKAT အဖြူရောင်ယာဉ်က နောက်ကနေ ဝင်တိုက်ခဲ့မိလို့ အခင်းဖြစ်နေရာမှာ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။
ဈာပန အခမ်းအခမ်းနာကို ညနေပိုင်းမှာ ပြုလုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင်၊ အဖွဲ့ချုပ်ပါတီဝင်တွေ၊ မြို့မိမြို့ဖတွေ ရပ်ဝေးရပ်နီးမှ ပြည်သူတွေ လိုက်လံပို့ဆောင် သင်္ဂြိုဟ်ခဲ့ကြပါတယ်။
ယာဉ်မောင်း ဇင်မောင်စိုးကို ယင်းမာပင်မြို့မရဲစခန်းမှာ ယာဉ်(ပ)၂၉/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ ရဲအရာခံ သန်းမြတ်စိုး (တာဝန်မှူး) ကနေ တရားလိုလုပ် အမှုဖွင့် အရေးယူဆောင်ရွက်ထားပါတယ်။