DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဆရာများအဖွဲ့အစည်း တရားဝင်မှတ်ပုံတင်
DVB
·
June 27, 2012
တက္ကသိုလ်ဆရာများအဖွဲ့အစည်း တရားဝင်မှတ်ပုံတင်
Donate to DVB

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်က မန္တလေးတက္ကသိုလ်၊ မန္တလေး အဝေးသင်တက္ကသိုလ်နဲ့ နိုင်ငံခြားဘာသာသင်တက္ကသိုလ် (မန္တလေး) တို့က ဆရာ ဆရာမများ အဖွဲ့ဆိုပြီးတော့ တရားဝင် မှတ်ပုံတင်လိုက်ပါတယ်။

မန္တလေး မဟာအောင်မြေမြို့နယ်မှာရှိတဲ့ တက္ကသိုလ် ၃ ခုက ဆရာ ဆရာမတွေဟာ  ကျောင်းဆရာ၊ တက္ကသိုလ်ဆရာ ဆရာမများ အခြေခံအဖွဲ့အစည်း မဟာအောင်မြေ ဆိုပြီးတော့ မြို့နယ် အလုပ်သမား မှတ်ပုံတင်ရုံးမှာ တရားဝင် မှတ်ပုံတင်ခဲ့ပြီလို့ အဲဒီအဖွဲ့ရဲ့ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ သက်နိုင်ဦး က ပြောပါတယ်။

ဒီအဖွဲ့ကို မြို့နယ်အလုပ်သမားရုံးက အဖွဲ့ဖွဲ့စည်းခွင့်ပြုလိုက်ရင် အစိုးရ ၀န်ထမ်းတွေထဲကနေ အလုပ်သမား အဖွဲ့အစည်း ဖွဲ့တာ ပထမဦးဆုံး ဖြစ်လာမှာပါ။  အစိုးရ၀န်ထမ်းတွေရဲ့ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးကို ကာကွယ်ဖို့ ဖွဲ့စည်းတာပါလို့  ဒေါက်တာသက်နိုင်ဦး က ပြောပါတယ်။

“၀န်ထမ်းနဲ့ ပတ်သက်ပြီး အသင်း ဖွဲ့စည်းတာက သိရသလောက်တော့ ရှားပါတယ်ဗျ။ ဒါက ပထမဆုံး မြန်မာနိုင်ငံမှာ ခြေလှမ်းစပြင်တဲ့သဘောပါ။ ဒါကလည်း ၀န်ထမ်းတွေရဲ့ ဂုဏ်သိက္ခာရော အခွင့်အလမ်းရော ကာကွယ်ဖို့ ကျနော်တို့က ရည်ရွယ်တယ်ဗျ။ သူတို့လည်း ပြုပြင်ပြောင်းလဲရေး တည်ဆောက်ရေးကို လုပ်နေတယ်။ ကျနော်တို့လည်း တဖက်က ပြုပြင်ပြောင်းလဲရေး တည်ဆောက်ရေးကို ဘေးကနေ ၀ိုင်းပြီး လုပ်ပေးတဲ့သဘောပါပဲ။”

ခုလို တက္ကသိုလ်ဆရာတွေ အဖွဲ့အစည်းဖွဲ့ဖို့ ကြိုးပမ်းနေတဲ့ အပေါ်  မန္တလေးတိုင်းဒေသကြီးက သတင်းတပ်ဖွဲ့ကနေ မန္တလေး အဝေးသင်တက္ကသိုလ်ကို လာရောက်မေးမြန်း စုံစမ်းတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

တက္ကသိုလ်ဆရာ ဆရာမများ အခြေခံအဖွဲ့အစည်းအနေနဲ့ အနာဂတ်မှာ အမရပူရမြို့နယ်ထဲက  ရတနာပုံတက္ကသိုလ်က ဆရာ၊ ဆရာမများ အဖွဲ့နဲ့ ပူးပေါင်းပြီး မန္တလေးတိုင်းဒေသကြီး တက္ကသိုလ်ဆရာ ဆရာမများသမဂ္ဂကို ဆက်လက် ဖွဲ့စည်းဖို့လည်း အစီအစဉ် ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ  သမ္မတဦးသိန်းစိန် အစိုးရသစ်တက်လာပြီး အသင်းအပင်းတွေ ဖွဲ့စည်းခွင့်ပြုတဲ့ ဥပဒေထွက်လာပြီးနောက်မှာ အလုပ်သမား အဖွဲ့အစည်းတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေ ပေါ်ပေါက်လာခဲ့ပြီး တက္ကသိုလ်ဆရာတွေကလည်း ဆရာဆရာမတွေ ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတရပ် ပေါ်ပေါက်လာဖို့ ကြိုးပမ်းနေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013