DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည် ပြင်သစ်နိုင်ငံ​ရောက်ရှိ
DVB
·
June 26, 2012
ဒေါ်​အောင်ဆန်း​စုကြည် ပြင်သစ်နိုင်ငံ​ရောက်ရှိ
1 / 2
Donate to DVB

ဥ​ရောပနိုင်ငံ​တွေကို ခရီး​လှည့်​နေတဲ့​ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ပြင်သစ်သမ္မတရဲ့​ ဖိတ်ကြား​ချက်အရ ဒီ​နေ့​ ဗြိတိန်နိုင်ငံက​နေ ပြင်သစ်နိုင်ငံကို သွား​ရောက်ခဲ့​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ပြင်သစ် သမ္မတ ဖရန်ကိုစစ် ​ဟော်လန်ဒီနဲ့​ တခြား​ အစိုး​ရ အရာရှိ​တွေနဲ့​လည်း​ ​တွေ့​ဆုံမှာ ဖြစ်ပါတယ်။

[caption id="attachment_27129" align="alignleft" width="300" caption="ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်သမ္မတ"][/caption]

မြန်မာပြည်မှာ လူ့​အခွင့်​အ​ရေး​အတွက် ကြိုး​စား​ရုန်း​ကန်ခဲ့​ပြီး​တော့​ ဒီမိုက​ရေစီ ပြုပြင်​ပြောင်း​လဲ​ရေး​တွေမှာ တက်ကြွတဲ့​ လုပ်​ဆောင်ချက်​တွေ အတွက် ​ဒေါ်​အောင်ဆန်း​စုကြည်ကို ပြင်သစ်က ​လေး​စား​ဂုဏ်ပြုမှာ ဖြစ်တယ်လို့​လည်း​ ပြင်သစ်နိုင်ငံခြား​ရေး​ဝန်ကြီး​ဌာန ​ပြောခွင့်​ရပုဂ္ဂိုလ်က ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ၃ ရက်တာ ပြင်သစ်ခရီး​စဉ်အတွင်း​မှာ သမ္မတ ​ဟော်လန်ဒီနဲ့​ အတူ နန်း​တော်မှာ ညစာသုံး​ဆောင်ကာ သတင်း​စာရှင်း​လင်း​ပွဲ ပြုလုပ်မှာဖြစ်ပါတယ်။

နိုင်ငံခြား​ရေး​ဝန်ကြီး​ ​လော့​ရင့်​ဖာဘီး​ယစ်၊​ ပဲရစ်မြို့​တော်ဝန်၊​ ပါလီမန်​ခေါင်း​ဆောင်နဲ့​ မြန်မာအသိုင်း​အဝန်း​၊​ လူ့​အခွင့်​အ​ရေး​အဖွဲ့​တွေနဲ့​လည်း​ ​တွေ့​ဆုံမှာဖြစ်ပါတယ်။

ပြင်သစ် အ​ခြေစိုက် ပြင်သစ်ကမ်ပိန်း​ ဘား​မား​ အဖွဲ့​ရဲ့​ စီမံကိန်း​ ညှိနှိုင်း​ဆောင်ရွက်​ရေး​မှူး​ ကလက်စတိန်း​ဖော်ချာက ​ဒေါ်​အောင်ဆန်း​စုကြည် ခရီး​စဉ်မှာ လူ့​အခွင့်​အ​ရေး​ ကိစ္စ​တွေဖြစ်တဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​များ​ လွှတ်​ပေး​ရေး​၊​ ရင်း​နှီး​မြှုပ်နှံ​ရေး​၊​ ကချင်ပြည်နယ်နဲ့​ ရခိုင်ပြည်နယ်က အကြမ်း​ဖက်ကိစ္စ​တွေ၊​ ရိုဟင်ဂျာနဲ့​သက်ဆိုင်တဲ့​ ကိစ္စ​တွေ ဒီမိုကရက်တစ် အ​ပြောင်း​အလဲမှာ အမျိုး​သမီး​တွေရဲ့​ လှုပ်ရှား​မှု​တွေကိုလည်း​ ​ပြောဆိုသွား​မယ်လို့​ ဆိုပါတယ်။

မြန်မာပြည်မှာ စည်း​လုံး​ညီညွတ်​ရေး​ ကိစ္စရပ်​တွေကို သူမက ​ဆောင်ရွက်​ပေး​နိုင်မှာဖြစ်​ပေမယ့်​လည်း​ သူမတ​ယောက်တည်း​ထက် တခြား​သူ​တွေနဲ့​ ပူး​ပေါင်း​ဆောင်ရွက်ရမှာဖြစ်တယ်လို့​လည်း​ ဆိုပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ​နေအိမ်အကျယ်ချုပ်က လွတ်​မြောက်ခဲ့​ပြီး​တဲ့​နောက် ဥ​ရောပခရီး​စဉ်အဖြစ် ​နော်​ဝေ၊​ ဆွစ်ဇာလန်၊​ အိုင်ယာလန်၊​ ဗြိတိန်၊​ ပြင်သစ်တို့​ကို သွား​ရောက်ခဲ့​တာလည်း​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013