Home
မြန်မာသတင်း
ကိုအောင်မှိုင်းဆန်းနှင့် ကိုစိုးမိုးနိုင်တို့ကို ထောင်ဒဏ် ၂လစီချမှတ်
Aung Aung Naing
·
May 22, 2018
  စစ်ပွဲများရပ်တန့်ရေးအတွက် မန္တလေးမြို့မှာ ဦးဆောင်ဆန္ဒထုတ်ဖော်ခဲ့တဲ့ ကိုအောင်မှိုင်းဆန်းနဲ့ ကိုစိုးမိုးနိုင်​​(ခ) ကိုဒိန်း​ဒေါင်​တို့ကို ချမ်း​အေးသာစံတရားရုံးက ငြိမ်းစုစီ ဥပ​ဒေပုဒ်​မ ၁၉နဲ့ ဒီကနေ့ ​ထောင်​ဒဏ်​ ၂ လ ချမှတ်​လိုက်​ပါတယ်​။ ကို​အောင်​မှိုင်းဆန်းက​ “ထောင်​ကျမယ်​ဆိုတာ ကြိုပြီး​မျှော်​လင့်ပြီးသားပါ။ တကယ်​ဆိုရင်​  ငြိမ်းစုစီဥပ​ဒေဟာ လုံးဝမရှိသင့်တဲ့ဥပ​ဒေပါ။ ဆန္ဒပြကြလို့ ဆူပူမှုတွေ၊ ဖျက်​ဆီးမှုတွေ ရှိခဲ့ရင်​လည်း အဲဒီဥပ​ဒေနဲ့ပဲအ​ရေးယူသင့်တယ်​။ ကျ​နော်​တို့တွေက အဲလိုလုပ်​ခဲ့တာမရှိဘူး။ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်​​ဖော်​ခဲ့ကြတာပါ။ ကျ​နော်​တို့က တရားရုံးကို အယုံအကြည်​မရှိဘူး။ တရားရုံးက အုပ်​ချုပ်​​ရေးလက်​​အောက်​​ ရောက်​​နေတာ​ကြောင့် အယုံအကြည်​မရှိဘူး။”လို့ ​ ပြောပါတယ်​။ လက်​ရှိ မြန်မာနိုင်​ငံမှာ အစိုးရ နှစ်​ရပ်​ဖြစ်​​နေတယ်​၊  အန်အယ်လ်ဒီအစိုးရက တိုင်းပြည်​ငြိမ်းချမ်းဖို့ ငြိမ်းချမ်း​ရေးလုပ်​​ဆောင်​​နေတာကို ယုံတယ်​၊ တဖက်​အစိုးရကို မယုံဘူး၊ အယုံအကြည်​လည်း လုံးဝမရှိဘူးလို့လည်း ကိုအောင်မှိုင်းဆန်းကပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၇ ရက်က ကိုအောင်မှိုင်းဆန်းနဲ့ ကိုစိုးမိုးနိုင်​တို့အပါအ၀င် ငြိမ်းချမ်းရေး ဆန္ဒပြသမားတွေဟာ တိုင်းရင်းသားဒေသထိုးစစ်တွေရပ်၊ စစ်ရေးအကြမ်းဖက်မှုအလိုမရှိ၊ ပိတ်မိပြည်သူများ လွတ်မြောက်ရေးနဲ့ STOP WAR စာတန်းပါ ပိုစတာတွေထောင်ပြီး မန္တ​လေး​မြို့က ကျုံးဘေးမှာ ဖယောင်းတိုင်မီးထွန်းညှိကာ ဆုတောင်းခဲ့ကြတာပါ။ အဆိုပါ ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး အမှတ်(၈)မြို့မရဲစခန်းက ငြိမ်းစုစီဥပဒေပုဒ်မ ၁၉နဲ့ အမှုဖွင့်အ​ရေးယူခဲ့တာဖြစ်ပါတယ်​။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024