အမေရိကန် စာသင်ကျောင်းများ မကြခဏပစ်ခတ်ခံရမှု ဗွီဒီယိုဂိမ်းကို တာဝန်ရှိသူများ အပြစ်တင်

Sen. Ted Cruz, second from left, Texas Governor Greg Abbott, second from right, and Lt. Governor Dan Patrick, right, speak at a press conference in the wake of a school shooting at Santa Fe High School on Friday, May 18, 2018 in Santa Fe, Texas. (Stuart Villanueva/The Galveston County Daily News via AP)
အမေရိကန်ပြည်ထောင်စုမှာ စာသင်ကျောင်းပစ်ခတ်မှု မကြာခဏ ဖြစ်ပွားနေတာနဲ့ပတ်သက်လို့ တက္ကဆပ်ပြည်နယ် တာဝန်ရှိသူတွေက   ဗွီဒီယိုဂိမ်းတွေကို အပြစ်တင်လိုက်ပြီး ကျောင်းလုံခြုံရေး တိုးမြှင့်ဖို့အတွက် နည်းလမ်းမျိုးစုံကို လေ့လာနေတယ်လို့ ပြောကြားလိုက်ပါတယ်။ မကြာသေးခင်ရက်ပိုင်းအတွင်းက တက္ကဆပ်ပြည်နယ် ဆန်တာဖေး အထက်တန်း ကျောင်းမှာ ဆယ်ကျော်သက်ကျောင်းသားတဦးရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသား ၈ ဦးနဲ့ ဆရာ ၂ ဦးသေဆုံးသွားခဲ့တာပါ။ အဲဒီဖြစ်ရပ်အပြီး မေလ ၂၀ ရက်နေ့က ပြည်နယ်အုပ်ချုပ်ရေးမှုး ဂရက်အာဘတ်က စာသင်းကျောင်း လုံခြုံရေးတိုးမြှင့်ဖို့ နည်းလမ်းမျိုးစုံကို သုံးသပ်လေ့လာနေတယ်လို့ ပြောကြားသွားတာပါ။ “ဆန်တာဖေး ဧရိယာမှာနေကြတဲ့ လူ ၁ ရာကျော်လောက်နဲ့ ကျနော်ကိုယ်တိုင် စကားပြောခဲ့ပါတယ်။ သူတို့ဆီက တညီအညွတ်တည်းရခဲ့တဲ့ အဖြေက ကျောင်းမှာ ပိုကောင်းတဲ့ လုံခြုံရေးရှိဖို့၊ ကျောင်းဝင်ပေါက် ထွက်ပေါက်တွေကို ပိုပြီးထိန်းချုပ်မှုရှိဖို့ ဖြစ်နိုင်ရင် သံ၊ သတ္တုရှာစက်ထားဖို့ ပြောကြတာတွေ့ ရပါတယ်။ ဒီိလိုလုပ်တာ တကယ့်အဖြေဖြစ်မဖြစ်တော့ မသိပါဘူး။ ဒီဖြေရှင်းနည်းတွေက ကျနော်တို့ ဆွေးနွေးစဉ်းစားကြရမယ့် အစီအမံတွေ ဖြစ်ပါတယ်” လို့ တက္ကဆက် ပြည်နယ်အုပ်ချုပ်ရေးမှုး ဂရက်အာဘတ်ကပြောကြားသွားတာပါ။ “ဗွီဒီယိုဂိမ်းကိစ္စတွေကလည်း ကျနော်တို့နိုင်ငံမျာ ကိုင်တွယ်ဖြေရှင်းရမယ် ကိစ္စပါ။ စိတ်ပညာရှင်တွေ၊ စိတ်ကုဆရာဝန်တွေရဲ့ သုတေသနပြုချက်တွေအရ ဆယ်ကျော်သက်အရွယ် ၉၇ ရာခိုင်နှုန်းဟာ ဗွီဒီယိုဂိမ်း ကစားကြတာ တွေ့ရပါတယ်။ အဲဒီဗွီဒီယိုဂိမ်းတွေထဲမှာ ၈၅ ရာခိုင်နှုန်းက ရုန့်ရင်းကြမ်းတမ်းတဲ့ ကစားနည်းတွေ ဖြစ်ပါတယ်။ ပျမ်းမျှကျောင်းသားတွေ၊ ဆယ်ကျော်သက်တွေဟာ အဲဒီဂိမ်းတွေကို တရက် ၂ နာရီလောက် ကစားကြပါတယ်။ တချို့ဆိုရင် ၂ နာရီထက်မက ကစားကြပါတယ်။ အဲဒီဂိမ်းတွေမှာ ပြသနေတဲ့ အရာတွေက လူဘယ်လို သတ်ရသလဲဆိုတဲ့ ဂိမ်းတွေပါ။” လို့ တက္ကဆပ်ပြည်နယ် လက်ထောက် အုပ်ချုပ်ရေးမှူး ဒန် ပက်ထရက်က ပြောကြားသွားတာဖြစ်ပါတယ်။ “ကျနော်တို့ ဒီကိုရောက်လာကြတာက အဲဒီနေ့က သူတို့ရဲ့ ချစ်လှစွာသောလူတွေကို ဆုံးရှုံးသွားကြတဲ့ မိသာစုနဲ့ သူငယ်ချင်းတွေ အတွက်ပါ။ ကျနော် ဒီမြို့အကြောင်းကို သိပါတယ်။ ကျနော်တို့ ဘယ်လောက် ကြံ့ခိုင်မှုရှိတယ်ဆိုတာကို သိပါတယ်။ ကျနော်တို့ ဒီအဖြစ်ဆိုးကြီးကို အတူတကွ ကျော်လွှားသွားနိုင်မှာပါ” လို့ ဆန်တာဖေး အထက်ကျောင်းက ကျောင်းသားတဦးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up