DVB Logo
Home
မြန်မာသတင်း
တရုတ်ပြည်​ရောက် ကချင်ဒုက္ခသည်များ​ကို ကူညီရန် HRW ​တောင်း​ဆို
DVB
·
June 26, 2012
တရုတ်ပြည်​ရောက် ကချင်ဒုက္ခသည်များ​ကို ကူညီရန် HRW ​တောင်း​ဆို
Donate to DVB

ကချင်ပြည်နယ်က တိုက်ပွဲ​တွေ​ကြောင့်​ တရုတ်ပြည်ဘက်ကို ထွက်​ပြေး​ခိုလှုံ​နေတဲ့​ ဒုက္ခသည် ၁ ​သောင်း​ဝန်း​ကျင်ဟာ ရိက္ခာနဲ့​ ​သောက်သုံး​ရေ၊​ ​ဆေး​ဝါး​ပြတ်လပ်​နေပြီး​ တရုတ်အာဏာပိုင်​တွေရဲ့​ ဖိအား​ပေး​မှုမျိုး​စုံလည်း​ ခံ​နေရတယ်လို့​ လူ့​အခွင့်​အ​ရေး​စောင့်​ကြည့်​ရေး​အဖွဲ့​က ဒီ​နေ့​ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

[caption id="attachment_27100" align="alignright" width="300" caption="တရုတ်-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း​တခု"][/caption]

ယူနန်ပြည်ထဲမှာ ယာယီစခန်း​တွေမှာ ခိုလှုံ​နေတဲ့​ ဒုက္ခသည်​တွေကို ယာယီအား​ဖြင့်​ အကာအကွယ်​ပေး​ထား​ဖို့​နဲ့​ ကုလသမဂ္ဂ ​အေဂျင်စီ​တွေ၊​ လူသား​ချင်း​ စာနာတဲ့​အဖွဲ့​တွေနဲ့​ ​တွေ့​ခွင့်​ပေး​ဖို့​ လူ့​အခွင့်​အ​ရေး​ ​စောင့်​ကြည့်​အ​ရေး​အဖွဲ့​က ​တောင်း​ဆိုလိုက်ပါတယ်။

မနှစ် ဇွန်လကစလို့​ ကချင်တပ်​တွေနဲ့​ အစိုး​ရတပ်​တွေကြား​မှာ ၁၇ နှစ်ကြာ အပစ်ရပ်​ရေး​ သ​ဘောတူညီချက်ပျက်ပြီး​နောက်ပိုင်း​ တိုက်ပွဲ​တွေ ပြန်ဖြစ်လာ တာ​ကြောင့်​ ​ဒေသတွင်း​မှာ လူ​ပေါင်း​ ၇ ​သောင်း​ခွဲဝန်း​ကျင် ​နေရာ ​ပြောင်း​ရွှေ့​ခဲ့​ရပါတယ်။

လော​လောဆယ် ယူနန်ပြည်နယ်ဘက်မှာ စစ်​ပြေး​ဒုက္ခသည် ၇၀၀၀ နဲ့​ တ​သောင်း​ကြား​ ရှိ​နေပြီး​ သူတို့​တွေဟာ ရိက္ခာ၊​ ​သောက်သုံး​ရေ၊​ အမိုး​အကာ၊​ မိလ္လာစနစ်၊​ ပြဿနာ​တွေ အဓိက ကြုံ​နေရတယ်လို့​ လူ့​အခွင့်​အ​ရေး​ ​စောင့်​ကြည့်​ရေး​ အဖွဲ့​က ဆိုပါတယ်။

ဒုက္ခသည်​တွေဟာ ကျပ်ကျပ်တည်း​တည်း​ ​နေ​နေရတာ​ကြောင့်​ နာမကျန်း​တာ​တွေကလည်း​ ​တော်​တော်များ​များ​ ဖြစ်​နေတယ်လို့​ ဆိုပါတယ်။

လော​လောဆယ်မှာ ဒုက္ခသည်​တွေကို ​ဒေသက အကူအညီ​ပေး​ရေး​အဖွဲ့​တွေ၊​ ခရစ်ယာန် ဘုရား​ကျောင်း​တွေ၊​ နိုင်ငံတကာက အကူအညီအ​ပေး​ရေး​အဖွဲ့​ အနည်း​ငယ်​လောက်ကပဲ အကူအညီ​ပေး​နေပြီး​ ​ငွေ​ရေး​ကြေး​ရေး​နဲ့​ တခြား​လို အပ်ချက်​တွေ အား​လုံး​ ပြတ်လပ်​နေတယ်လို့​ ဆိုပါတယ်။

ယူနန်ပြည်နယ်ကို ​ရောက်​နေတဲ့​ က​လေး​ငယ်​တွေဟာ ​ကျောင်း​မ​နေရဘဲ၊​ လူကြီး​တွေက​တော့​ ​ငွေလိုတာ​ကြောင့်​ ​နေ့​စား​အလုပ်​တွေကို အသဲအသန် ရှာ​နေတဲ့​အ​ပေါ်မှာ ​ခေါင်း​ပုံဖြတ်ခံရမယ့်​ အန္တရာယ်နဲ့​ ကြုံ​နေရတယ်လို့​ ဆိုပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်အကူအညီ​ပေး​ရေး​အဖွဲ့​ဖြစ်တဲ့​ ယူအန်အိပ်ခ်ျစီအာ၊​ တခြား​ လူသား​ချင်း​ စာနာတဲ့​ အဖွဲ့​အစည်း​တွေကို ယူနန်ပြည်နယ်ထဲကို ဝင်ခွင့်​ပိတ်ထား​ပြီး​၊​ တရုတ်အစိုး​ရကိုယ်တိုင်ကလည်း​ ဘာအကူအညီမှ မ​ပေး​ဘူး​လို့​ လူ့​အခွင့်​အ​ရေး​ ​စောင့်​ကြည့်​အ​ရေး​အဖွဲ့​က ဆိုထား​ပါတယ်။

တရုတ်အစိုး​ရက မြန်မာအစိုး​ရနဲ့​ ဆက်ဆံ​ရေး​ထိခိုက်မှာကို စိုး​တာနဲ့​ ဒုက္ခသည်​တွေကို အကူအညီ​ပေး​ဖို့​ အ​ရေး​မှာ တုံ့​ဆိုင်း​ဆိုင်း​ လုပ်​နေတာလို့​ ဒုက္ခသည်​တွေကို ​စေတနာဝန်ထမ်း​ အကူအညီ​ပေး​နေတဲ့​ တရုတ်လူမျိုး​ သတင်း​ထောက်တ​ယောက်က ​ပြောတာကို ​အေပီသတင်း​တပုဒ်မှာ ​ဖော်ပြထား​ပါတယ်။

တရုတ်အာဏာပိုင်​တွေဟာ ဒုက္ခသည်​တွေကို မထင်ရင် မထင်သလို စစ်​ဆေး​တာ၊​ မထင်ရင် မထင်သလို ဒဏ်​ငွေတပ်တာ​တွေ၊​ တရား​လက်လွတ် ဖမ်း​ဆီး​ ထိန်း​သိမ်း​တာ​တွေ လုပ်​နေတယ်လို့​ ဆိုပါတယ်။

အခုအချိန်အထိ ကချင်ဒုက္ခသည် ၃၀၀ ကို မြန်မာပြည်ဘက်ကို တရုတ်အာဏာပိုင်​တွေက အတင်း​ပြန်ခိုင်း​ခဲ့​တယ်လို့​လည်း​ ဆိုထား​ပါတယ်။

“တရုတ်အစိုး​ရအ​နေနဲ့​ နိုင်ငံတကာသ​ဘောတူညီချက် ဝတ္တရား​တွေအတိုင်း​ ဒုက္ခသည်​တွေကို အတင်း​ပြန်မပို့​ဖို့​နဲ့​ သူတို့​ရဲ့​ အ​ခြေခံ လိုအပ်ချက်​တွေကို ဖြည့်​ဆည်း​ပေး​ဖို့​” လူ့​အခွင့်​အ​ရေး​စောင့်​ကြည့်​ရေး​အဖွဲ့​ရဲ့​ တရုတ်နိုင်ငံဆိုင်ရာ ညွှန်ကြား​ရေး​မှူး​ ဆိုဖီယာ ရစ်ချတ်ဆင်က တိုက်တွန်း​ပါတယ်။

ဒုက္ခသည်​တွေကို အတင်း​ပြန်ပို့​ဖိုနဲ့​ ရိက္ခာနဲ့​ ​နေစရာ​တွေ မ​ပေး​ဘဲ ပစ်ထား​ဖို့​အတွက် တရား​နည်း​လမ်း​ကျတဲ့​ အ​ကြောင်း​ပြချက်လည်း​ မရှိဘူး​လို့​ သူက ​ပြောပါတယ်။

တရုတ်အစိုး​ရဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်ဆိုင်ရာ သ​ဘောတူညီချက် (Refugee Convention) နဲ့​ ၁၉၆၇ ခုနှစ် နိုင်ငံတကာ လူ့​အခွင့်​အ​ရေး​ဆိုင်ရာ သ​ဘော တူညီချက်​တွေမှာ ပါဝင်ခဲ့​တဲ့​အတိုင်း​၊​ အဲဒီသ​ဘောတူညီချက်​တွေမှာ လူမျိုး​ရေး​၊​ ဘာသာ​ရေး​၊​ နိုင်ငံ​ရေး​ယုံကြည်ချက် ​ကြောင့်​ အန္တရာယ်ကျ​ရောက်နိုင်တဲ့​ ဒုက္ခသည်​တွေကို အတင်း​ပြန်မပို့​ဖို့​ တား​ဆီး​ထား​တာကို လူ့​အခွင့်​အ​ရေး​ ​စောင့်​ကြည့်​ရေး​အဖွဲ့​က ​ထောက်ပြပါတယ်။
စာမျက် ၆၈ မျက်နှာပါတဲ့​ ယူနန်ပြည်နယ်မှာ ပိတ်မိ​နေ​သော ကချင်ဒုက္ခသည်များ
“Isolated in Yunnan: Kachin Refugees from Burma in China’s Yunnan Province,” အစီရင်ခံစာကို ဒုက္ခသည်၊​ ကယ်ဆယ်​ရေး​လုပ်သား​တွေနဲ့​ သက်ဆိုင်သူ လူ​ပေါင်း​ ၁၀၀ ကို ​မေး​မြန်း​ပြီး​ ပြုစုထား​တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013