DVB Logo
Home
မြန်မာသတင်း
မမှန်သတင်းဖြန့်ချိမှုဖြင့် စွပ်စွဲခံထားရသည့် ဦးဥာဏ်ဝင်းအမှု စတင်ကြားနာမည်
DVB
·
June 25, 2012
မမှန်သတင်းဖြန့်ချိမှုဖြင့် စွပ်စွဲခံထားရသည့် ဦးဥာဏ်ဝင်းအမှု စတင်ကြားနာမည်
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲတုန်းက မဲဖယောင်းသုတ်မှုနဲ့ ပတ်သက်ပြီး တိုင်ကြားခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်လ်ဒီရဲ့ ဗဟိုအောင်နိုင်ရေး မန်နေဂျာ ဦးဥာဏ်ဝင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က တရားစွဲဆိုထားတဲ့ အမှုကို စတင်ကြားနာပါတော့မယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ကိုယ်စား ကော်မရှင်ညွှန်မှူး တဦးက  ဦးဥာဏ်ဝင်း ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၂ မမှန်သတင်းပေးမှုနဲ့  နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တဲ့ အမှုကို ဇွန်လ ၂၆ ရက်နေ့မှာ စတင်ကြားနာဖို့ ရှိနေတာပါ။

ဦးဥာဏ်ဝင်းက “စွဲထားတဲ့ ပုဒ်မကတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၂၊ မမှန်သတင်းပေးမှု။ မမှန်သတင်းပေးမှုဆိုတာ ကျနော်က ရွေးကောက်ပွဲနေ့ မှာ ပြည်ထောင်စု ကော်မရှင်ကို အကြောင်းကြားတယ်။ နယ်တွေကနေပြီးတော့ မဲပြားတွေပေါ်မှာ ဖယောင်းသုတ်တဲ့ သတင်းတွေဝင်နေတယ်။ အဲဒါကို  အရေးယူဆောင်ရွက်ပေးပါ။ ဒီဥစ္စာက ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပဲ၊ အဲဒါကို အကြောင်းကြားတယ်။ အဲဒါကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီအပေါ်မှာ ဘာမှ အကြောင်း မပြန်ဘူး။

"နောက်ရွေးကောက်ပွဲပြီး တပါတ် ဆယ်ရက်လောက်မှာ ဖယောင်းသုတ်တယ်လို့ စွပ်စွဲတဲ့မြို့နယ်တွေ မှာ စစ်ဆေးဖို့ ကော်မတီဖွဲ့တယ်။ စစ်ဆေးရေး ကော်မတီက ဖယောင်းသုတ်တာ မဟုတ်ပါဘူး၊ စက္ကူသား ညံ့ဖျင်းတာ၊ တချို့နေရာတွေမှာ မဲထုတ်တွေကို ပြန်စစ်ကြည့်တယ်။ အဲဒီလိုပဲ ခြစ်လို့ မရလို့ နောက်ဆုံးမှာ ဆုတ်ဖြဲပြီး ပယ်မဲဖြစ်တယ်။ ဒါတွေတွေ့တယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော့်ကို မမှန်သတင်းပေးတယ်လို့ စွဲဆိုတာပါ။”

ဒီအမှုမှာ ကော်မရှင်ဘက်က ရှေ့နေ ဦးမျိုးညွန့်နဲ့ ဦးဥာဏ်ဝင်းဘက်ကတော့ ရှေ့နေ ဦးကျော်ဟိုးက လိုက်ပါဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆန္ဒရှင်စာရင်း ကွာဟမှုတွေနဲ့ မဲဆန္ဒရှင်တွေ ဆန္ဒမဲပေးတဲ့အခါ အမှတ်အသား ရေးခြစ်ဖို့ အခက်အခဲဖြစ်အောင် ဖယောင်းသုတ်လိမ်းမှုတွေ ရှိခဲ့တယ်လို့ တင်ပြခဲ့တာပါ။

အဲ့ဒီအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က မဲစာရင်း ကိစ္စနဲ့ ပတ်သက်ပြီး နောင် ရွေးကောက်ပွဲတွေမှာ မဲစာရင်းမှန်ကန်အောင် ဆောင်ရွက်မယ်လို့  ဥက္ကဋ္ဌ ဦးတင်အေးက ကတိပေး ပြောကြားထားပြီး မဲလက်မှတ် ဖယောင်းသုတ်လိမ်းမှု ရှိတယ်လို့ တင်ပြချက် အပေါ်ကိုတော့ အန်အယ်လ်ဒီ ပါတီရဲ့ ဗဟိုအောင်နိုင်ရေး မန်နေဂျာကို တရားစွဲဆို လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013