DVB Logo
Home
မြန်မာသတင်း
နေအိမ်အမှုကိစ္စ တရားရုံးဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်မည်
DVB
·
June 25, 2012
နေအိမ်အမှုကိစ္စ တရားရုံးဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်မည်
1 / 2
Donate to DVB

တက္ကသိုလ်ရိပ်သာလမ်း နေအိမ်အမှုကိစ္စ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးရဲ့ ဆုံးဖြတ်ချက် အပေါ် ဒေါ်အောင်ဆန်းစုကြည်ဘက်က အယူခံဝင်ဖို့ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေထိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက အမွေဘုံပစ္စည်း စီမံခန့်ခွဲ ပေးစေလိုမှုနဲ့ တရားစွဲဆိုထားတဲ့ အမှုကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဒီလ ၂၂ ရက်နေ့မှာ မောင်နှမတွေ ဖြစ်ကြတဲ့အတွက် တ၀က်ဆီ ခွဲဝေယူစေ ဆိုတဲ့ အမိန့်ချမှတ်လိုက်တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ဘက်က အယူခံဝင်မှာ ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ အမွေမှု ဥပဒေတွေမှာ နိုင်ငံခြားသားနဲ့ မြန်မာနိုင်ငံသား အမွေဆက်ခံခွင့်နဲ့ ပတ်သက်ပြီး ပိတ်ပင်ထားမြစ်ထားတာ မရှိပေမယ့် ၁၉၅၃ ဥပဒေအရ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို နိုင်ငံခြားသား ပိုင်ဆိုင်ခွင့် မရှိတဲ့ အချက်နဲ့ အယူခံ ဆက်တင်ပြမှာ ဖြစ်တယ်လို့ ရှေ့နေ ဦးဥာဏ်ဝင်းက ရှင်းပြပါတယ်။

“မြန်မာနိုင်ငံမှာ အမွေအမှုမှာ နိုင်ငံခြားသားကော၊ မြန်မာနိုင်ငံသားတွေကော အမွေဆက်ခံခွင့်နဲ့ ပတ်သက်ပြီးတော့ ပိတ်ပင်ထားတာ မရှိဘူး။ သို့သော်လည်း နိုင်ငံခြားသားက မြန်မာနိုင်ငံထဲမှာ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်း၊ မြေနဲ့ အိမ်ပေါ့၊ အဲဒါတွေကို ပိုင်ဆိုင်ခွင့်မရှိဘူး၊ ဒါကြောင့် အခုချမှတ်လိုက်တဲ့ အမိန့်က အကောင်အထည်ဖော်လို့ မရတဲ့အမိန့်ဖြစ်နေတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဥပဒေကြောင်း အရ အယူခံဆက်တက်မယ်။”

အယူခံဝင်နိုင်ဖို့အတွက် လက်ရှိအခြေအနေမှာတော့ အနောက်ပိုင်းခရိုင်တရားရုံးရဲ့ အမှုသုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို မိတ္တူကူးယူနေပြီး အချက်အလက်တွေ ပြည့်စုံရင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ အယူခံတင်သွင်းမယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးက လက်ရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင် တဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို အမွေဘုံ ပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုနဲ့ ၂၀၀၁ ခုနှစ်မှာ တရားစွဲဆိုခဲ့ပြီး ၁၀ နှစ်ကျော်အကြာမှာ တ၀က်ဆီယူဖို့ တရားရုံးက ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဦးအောင်ဆန်းဦးဟာ ၂၀၀၀ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်နဲ့ ခြံဝင်း အမွေ ပိုင်ဆိုင်လိုမှုနဲ့ တရားစွဲဆိုခဲ့ပါသေးတယ်။ အဲ့ဒီတုန်းကလည်း ဦးအောင်ဆန်းဦးကို နိုင်ငံခြားသား တဦးအနေနဲ့ မပြောင်းရွှေ့နိုင်တဲ့ ပစ္စည်းဖြစ်တဲ့ နေအိမ်ခြံဝင်း ပိုင်ဆိုင်ခွင့်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာကြောင့် ဦးအောင်ဆန်းဦး အမှုရှုံးနိမ့်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013