Home
မြန်မာသတင်း
လူနာများကို ကျန်းမာရေးဝန်ဆောင်ပေးမှု ကျန်းမာရေးဝန်ကြီး ရှောင်တခင် ကြည့်ရှု
DVB
·
May 20, 2018
  ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးဟာ မနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း၊ လှိုင်သာယာ ပြည်သူ့ဆေးရုံကြီး ခုတင် ၂၀၀ ကို ရှောင်တခင် ဝင်ရောက်ကြည့်ရှုတယ်လို့ ပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။ ပကတိ မြေပြင်အခြေအနေမှာ လူနာတွေကို ကျန်းမာရေးဝန်ဆောင်မှုပေးနေတာကို ကြည့်ရှုတာလို့ ဆိုပါတယ်။ ပြည်ထောင်စုဝန်ကြီးနဲ့ အဖွဲ့ဟာ ဆေးရုံရဲ့ အဆောင်တွေကို လှည့်လည်ကြည့်ရှုပြီး လူနာတွေရဲ့ အခက်အခဲတွေ၊ ဝန်ထမ်းတွေရဲ့ လိုအပ်ချက် တင်ပြတာတွေကို တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးတယ်လို့ ဆိုပါတယ်။ ပြီးတော့ ဝန်ကြီးက လှိုင်သာယာဆေးရုံကြီးဟာ အချက်အချာကျတဲ့ နေရာမှာ ရှိပြီး ဆေးရုံကြီးရဲ့ ဧရိယာမှာ လူဦးရေများပြားတဲ့အပြင် လူနာတွေအနေနဲ့ ရန်ကုန်မြို့တွင်းကို ဝင်ဖို့အတွက် ယာဉ်ကြောပိတ်ဆို့မှု အပါအဝင် အခက်အခဲတွေ အများကြီး ရှိတယ်လို့ ပြောပါတယ်။ ဒီအခက်အခဲတွေ သက်သာလျော့နည်းပြီး ရန်ကုန်ဆေးရုံကြီးနဲ့ အလားတူ ကုသ စောင့်ရှောက်တာတွေ လုပ်နိုင်ဖို့ လှိုင်သာယာဆေးရုံကြီးရဲ့ ကုသမှုပိုင်းဆိုင်ရာနဲ့ အထွေထွေ ဝန်ဆောင်မှုပိုင်းဆိုင်ရာ အခြေအနေ၊ ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင် ပျော်ရွှင်စွာ တာဝန် ထမ်းဆောင်နိုင်မယ့် အခြေအနေ စတာတွေနဲ့ ပတ်သက်လို့ ဘက်ပေါင်းစုံ အဆင့်မြှင့်တင် တာတွေ လုပ်သွားမယ်လို့ ပြောပါတယ်။ ပြီးတော့ ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနတွေက ဒုတိယညွှန်ကြားရေးမှူးချုပ် တွေပါတဲ့ အဖွဲ့ကလည်း လှိုင်သာယာဆေးရုံကြီးနဲ့ ကျန်းမာရေးဌာနတွေကို ကွင်းဆင်းပြီး ဝန်ကြီးဌာနကို မကြာခင်မှာ အစီရင်ခံစာ တင်ပြရမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024