DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားမြို့တွင် မြစ်ရေလျှံပြီး ရေကြီးနေ
DVB
·
June 25, 2012
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်တချို့မှာ ရှိတဲ့ လူနေအိမ်တွေနဲ့ လမ်းတွေထဲ ရေစတက်လာပြီလို့ မြို့ခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့ အေးစေတီ ပတ်ဝန်းကျင်၊ မြို့သစ်ကြီး၊ ကြက်ပေါင်ခြံနဲ့ ရမ်ဘူရပ်ကွက်တွေ ဘက်မှာ ရေတက်နေပြီး မနောကွင်းထဲကိုလည်း ရေ၀င်စပြုနေပြီလို့ မြို့ခံတဦးက ပြောပါတယ်။

“အခုအခြေအနေမှာ တက်နေတုန်းပဲ ရှိပါသေးတယ်။ ခုမှရေက တအားတိုးလာနေတယ်။ အခြေအနေဆိုးတယ်ရယ်လို့တော့ မဟုတ်သေးဘူး။ လူတွေက ပွဲလိုဖြစ်နေ တယ်။ မြစ်ကြောင်း တလျှောက်မှာ လူတွေ ရေတွေကြည့်ပြီးတော့။ အိမ်တွေမြုပ်ဖို့ ဖြစ်လာနိုင်စရာ အကြောင်းရှိပါ တယ်။ ရေက တော်တော်လေး အတက်မြန်နေတယ်။ ဒါပေမယ့် ကားတွေ ဆိုင်ကယ်တွေကတော့ သွားလို့ ရပါသေးတယ်။”

တချို့ရပ်ကွက်တွေမှာတော့  မိသားစုတွေက   ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အိမ်က ပစ္စည်းတွေ သိမ်းပြီး ရေမရောက်နိုင်တဲ့ နေရာတွေကို ရွှေ့ပြောင်းနေကြပြီလို့လည်း မြို့ခံတွေက ပြောပါတယ်။

မြစ်ကြီးနား မိုးလေ၀သနဲ့ဇလဗေဒဌာနက ၀န်ထမ်းတဦးက “အခု မွန်းလွဲ ၂ နာရီ တိုင်းထွာချက်အရ ဧရာဝတီမြစ်မှာ  ခုရောက်နေတာ ၁၁၂၆ စီတီမီတာပါ။ မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေမှတ်က ၁၂၀၀ စင်တီမီတာပါ။ မွန်းတည့်မှ နောက် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်ပါတယ်” လို့ သတိပေးချက် ထုတ်ပြန်ထားတဲ့အကြောင်း ပြောပါတယ်။

မြစ်ကြီးနားမှာ မနေ့က မြစ်ရေ နည်းနည်းတက်လာခဲ့ပြီး ရပ်ကွက် အာဏာပိုင်တွေ က ရေကျသွားပြီလို့ ကြေညာပြီးနောက် ဒီနေ့ နေ့လယ်လောက်မှာ ရေပြန်တက်လာပါတယ်။ ဒီရက်ပိုင်းအတွင်း မြစ်ကြီးနားမှာ  မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း မရှိပေမယ့်  မချမ်းဘောဘက်မှာ မိုးရွာတဲ့အတွက် မြစ်ရေဆင်းလာတာလို့ မိုးလေ၀သဌာန အမှုထမ်းတဦးက ပြောပါတယ်။

အလားတူ ချင်းတွင်းမြစ်ရေဟာလည်း ခန္တီးမြို့မှာ ၁၂၀၃ စင်တီမီတာသို့ ရောက်ရှိနေပြီး  နောက် ၄၈ နာရီအတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ် ၁၃၆၀ စင်တီမီတာသို့ ရောက်ရှိနိုင်တယ်လို့  မိုးလေ၀သနဲ ဇလဗေဒ ဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013