DVB Logo
Home
မြန်မာသတင်း
ပဋိပက္ခကြောင့် ပိတ်ထားရသည့် ရခိုင်ပြည်နယ်က ကျောင်းအချို့ ပြန်ဖွင့်
DVB
·
June 25, 2012
ပဋိပက္ခကြောင့် ပိတ်ထားရသည့် ရခိုင်ပြည်နယ်က ကျောင်းအချို့ ပြန်ဖွင့်
Donate to DVB

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ ဇွန်လဆန်းလောက်က စပြီး ပိတ်ထား တဲ့ ကျောင်းတွေ ဒီနေ့ တရားဝင် ပြန်ဖွင့်နေပြီလို့ ပြည်နယ် ပညာရေး ၀န်ကြီးဌာနက တာဝန်ရှိသူတဦး က ပြောပါတယ်။

“ဒီကနေ့ တချို့ကျောင်းတွေ ပြန်ဖွင့်နေပါပြီ။ အခု အခြေအနေက နည်းနည်းငြိမ်တော့ ဖွင့်လို့ရသလောက်တော့ ဖွင့်ပါတယ်။”

ပဋိပက္ခတွေကြောင့် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ရသေ့တောင် စတဲ့ မြို့နယ် ၄ ခုက ကျောင်းတွေ ဇွန် ၁၁ ရက်နေ့က ပိတ်ထားရတာ ဖြစ်ပါတယ်။

ကျောင်းတွေ ပြန်ဖွင့်ပေမယ့် မိဘတွေက ကလေးတွေအတွက် လုံခြုံရေး စိုးရိမ်တာကြောင့် ကျောင်းကို သိပ်မလွှတ်ကြဘူးလို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။

“ကျောင်းတွေပြန်ဖွင့်နေပါပြီ။ ကလေးတွေကျောင်းတက်နေပါတယ်။ ဒါပေမယ့် နည်းနည်းပါးပါး သတိထားပြီးမှ ဖွင့်နေကြတယ်ပေါ့နော်။ ဆရာမတွေတော့ အကုန်လုံးရောက်ကြတယ်။ ဒါပေမယ့်လည်း ကလေးတွေတော့ ရောက်တဲ့သူ နည်းပါတယ်။ အရင်လို အများကြီး မဟုတ်ဘူး။ မိဘတွေကလည်း သိပ်မလွှတ်ကြသေးဘူး။ အခြေအနေက ပြောလို့ မရသေးဘူးလေ။ ခဏနေ တမျိုး ခဏနေ တမျိုး ကြားနေရလို့။ ၁၀၀ မှာ ၃၀ ရာခိုင်နှုန်းလောက်တော့ တတ်မှာပါ။”

ကျောင်းပိတ်ထားတာဟာ ကျောင်းဆရာ၊ ဆရာမတွေရဲ့ ဘ၀လုံခြုံရေး အခြေအနေတွေကြောင့် လို့ ပြည်နယ် ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဇွန်လဆန်းပိုင်းကစပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် စာသင်ကျောင်းတွေ၊ ဈေးတွေ၊ ရုံးတွေ ပိတ်ထားခဲ့ရပြီး  ပဋိပက္ခ အတွင်း ကျောင်းဆရာ တချို့လည်း သေဆုံးသွားခဲ့ကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013