လေယာဉ်ပျက်ကျမှုတွင် ၃ ဦးသာ အသက်ရှင်ကျန်ရစ်ဟု ကျူးဘားသမ္မတပြော

မေလ ၁၈ ရက် ကျူးဘားလေယာဉ် ပျက်ကျမှုကြောင့် ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၁၄ ယောက်ထဲမှာ ဒဏ်ရာပြင်းထန်တဲ့ လူ ၃ ယောက်သာ အသက်ရှင်ကျန်ရစ်တယ်လို့ ကျူးဘားသမ္မတ မီဂဲလ် ဒေးယပ်စ် ကန်နယ်က အစိုးရ ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။ ဘိုးရင်း 737 အမျိုးအစား လေယာဉ်တစီးဟာ မေလ ၁၈ ရက်နေ့က ကျူးဘားနိုင်ငံ ဟာဗားနားမြို့ရဲ့ အဓိက လေဆိပ်ကနေ ပျံတက်အပြီး မကြာခင် ပျက်ကျခဲ့တာပါ။ ဟိုဂူအင်မြို့ကို သွားတဲ့ ပြည်တွင်း လေယာဉ်ဖြစ်ပြီး ဟာဗားနားမြို့တော်ရဲ့ တောင်ဘက် ကီလို ၂၀ အကွာမှာ ပျက်ကျခဲ့တာလို့ အစိုးရရုပ်သံက အစီရင်ခံပါတယ်။ လေယာဉ်ပျက်က မီးတွေကို ငြှိမ်းသတ်ပြီးစီးပြီး အလောင်းတွေ ဘယ်သူဘယ်ဝါ ဆိုတာ အာဏာပိုင်တွေက ခွဲခြားဖော်ထုတ် နေတယ်လို့ သမ္မတက ပြောပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေဆဲပါ။ ဒီလေကြောင်းခရီးစဉ်ကို ကျူဘားနား လေကြောင်းလိုင်းက မက္ကဆီကို အသေးစား လေကြောင်းလိုင်း ဒါမို့ခ်ျကို ငှားထားခဲ့တာလို့ ကျူးဘားအစိုးရ မီဒီယာက ပြောပါတယ်။ လေယာဉ်ပေါ် ပါတဲ့လူတွေ ဘယ်နိုင်ငံ သားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လေယာဉ် အမှုထမ်းတွေကတော့ နိုင်ငံခြားသားတွေလို့ အစိုးရ မီဒီယာက ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မကြေညာသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up