အင်ဒိုနီးရှားရဲ့ အဂတိလိုက်စားမှုတွေကို ၀က်ဘ်ဆိုဒ်အသစ်ဖြင့် ဖော်ထုတ်
DVB
·
June 25, 2012

အင်ဒိုနီးရှားနိုင်ငံ အဂတိလိုက်စားမှုကို စောင့်ကြည့်တဲ့ NGO အဖွဲ့တခုက မနှစ်က အစိုးရ အရာရှိတွေရဲ့ အဂတိလိုက်စားမှုဟာ ဒေါ်လာ သန်း ၂၃၀ ကျော် ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါဟာ ရှာဖွေဖော်ထုတ်ပြီး တရားရုံးတင်နိုင်ခဲ့တဲ့ အမှုတွေ ဖြစ်ပါတယ်။ အမှုတွေမှာ အကျင့်ပျက်ခြစားတယ်လို့ သံသယရှိသူ ၁ ထောင်ကျော် ရှိပြီး တရားသူကြီးတွေ၊ အမတ်တွေ၊ ဌာနဆိုင်ရာတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီ ဒါရိုက်တာတွေ ပါဝင်နေပါတယ်။
ဒါပေမယ့် အဲဒီအမှုတွေကို မီဒီယာတွေမှာ မဖော်ပြဖို့ ထိန်းချုပ်ထားတာကြောင့် အများပြည်သူ မြင်သာအောင် အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ အခက်အခဲ ရှိနေပါတယ်။ အခု အင်ဒိုနီးရှား ၀က်ဘ်ဆိုဒ်အသစ် တခုက အကျင့်ပျက်ခြစားမှုတိုင်းကို ဖော်ထုတ်နေတဲ့ အကြောင်း Asia Calling မှ နာ အဇစ်ဇာ နဲ့ ဖာဘရီယာနာ တို့က သတင်းပေးပို့ထားပါတယ်။