DVB Logo
Home
မြန်မာသတင်း
လယ်ဆင်းထွန်သည့် လယ်သမားများကို ၀ရမ်းထုတ်
DVB
·
June 23, 2012
Donate to DVB

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် စံကင်းကျေးရွာမှာ ဦးပိုင်လီမိတက်က သိမ်းယူထားတဲ့ လယ်ယာမြေတွေမှာ ထွန်ယက်စိုက်ပျိုးခဲ့တဲ့ လယ်သမားတွေကို တရားစွဲဖို့ ၀ရမ်းထုတ်ထားတယ်လို့ ဆိုပါတယ်။

၂၀၀၆ ခုနှစ်တုန်းက လယ်ယာမြေတွေကို ဦးပိုင်ကုမ္ပဏီက သိမ်းယူထားတာ ဖြစ်ပေမယ့် တရားဝင် သိမ်းယူထားတာ မဟုတ်တဲ့အတွက် လယ်သမားတွေက ဒီနေ့ အထိ စိုက်ပျိုးလာတာဖြစ်ပြီး ဒီနှစ်မှာတော့ လယ်သမားတွေ ဆီကနေ သီးစားခတင်ဖို့ တောင်းဆိုလာတာကို မတင်နိုင်ဘူးလို့ ပြောဆိုရာက ပြဿနာ စတင်ခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။

လယ်သမားတွေက ဦးပိုင်လီမိတက်ကို သီးစားမဆောင်နိုင်ဘဲ နိုင်ငံတော်ကိုပဲ သီးစားဆောင်ဖို့ ပြောတယ်လို့ ဆိုပါတယ်။ ဒီအသိမ်းခံရတာနဲ့ ပတ်သက်ပြီးတော့ လယ်သမား ဦးမတ်စိက အခုလို ပြောပါတယ်။

“ပထမတုန်းက နိုင်ငံတော်က သိမ်းတယ်ပြောပြီးတော့ အခုကျတော့ ကျနော်တို့က လယ်ယာမြေမှ နုတ်ထွက်ကြောင်းနေရာမှာ ကျနော်တို့က လက်မှတ်မထိုးဘူး၊ ကျနော်က အဲဒါကိုသိလို့ သက်ဆိုင်ရာကို တိုင်တယ်။ သူတို့ကလည်း လက်ရှိဂရမ်ကျတယ်ဆိုပြီးတော့ ကျနော်တို့ကို တရားစွဲတယ်။”

ဦးပိုင်လီမိတက်ဟာ လယ်သမား ၅၀ ဦးရဲ့ လယ်ဧက ၁၄၈ ဧကကို သိမ်းယူခဲ့ကာ မိုးဦးကျမှာ လယ်သမားတွေ လယ်ဆင်းထွန်တာကို ပုဒ်မ ၄၂၇ ကျူးကျော်မှုနဲ့ လယ်သမားခေါင်းဆောင် ၄ ယောက်ကို ၀ရမ်းထုတ် စွဲဆိုထားတယ်လို့ အမှုကို တာဝန်ယူဖြေရှင်းနေတဲ့ ရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။

လယ်သမားတွေအပေါ်ကို ဒီလိုလုပ်တာဟာ ဥပဒေကြောင်းနဲ့ မညီညွတ်တာကိုလည်း ဦးဖိုးဖြူက အခုလို ရှင်းပြပါတယ်။

“တောင်သူလယ်သမားတွေကို လယ်ဆင်းမထွန်ရဘူး။ မတားရဘူး၊ တားဆီးတာက ဥပဒေနဲ့မညီညွတ်ဘူး၊ ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့် အခု တောင်သူလယ်သမားတွေက မိမိလယ်ကို မိမိ ဆင်းထွန်နေတာကိုပင် ကျူးကျော်မှုတွေ ဖြစ်နေပါတယ်။ ကိုယ့်လယ်ကို ကိုယ်ဆင်းထွန်နေတာကိုပဲ ထောင်တန်းအချုပ်တွေကို ခံနေရပါတယ်။ ဒါက ဒီမိုကရေစီ စစ်စစ်ကို ရောက်တော့မှ တောင်သူလယ်သမားတွေက ဘယ်သူ့ကို အဖေခေါ်ရမှန်း မသိတဲ့အခြေအနေမျိုးနဲ့ ဥပဒေအကာအကွယ်မဲ့ ဘ၀ကို ရောက်နေပါတယ်လို့ ပြောချင်ပါတယ်။”

သိမ်းယူခဲ့စဉ်က တစုံတရာ စာရွက်စာတမ်းထုတ်ပြန်တာ မရှိဘူးလို့လည်း လယ်သမားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013