Home
မြန်မာသတင်း
နန်းယွန်းမြို့နယ်တွင် ပစ်ခတ်မှုဖြစ်ပွား၊ တပ်မတော်သား ၄ ဦးသေဆုံး ၅ ဦးဒဏ်ရာရ
DVB
·
May 17, 2018
NannYone
2e82bca8710a1589b501e787e1e5ebcc832e7dbd
  နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်ရှိ ခြေလျင်တပ်ရင်းမှာ  မေလ ၁၅ ရက်မနက်က တပ်တွင်းပစ်ခတ်မှုဖြစ်ပွားပြီး တပ်မတော်သား ၄ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရသွားတယ်လို့ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးကေဆိုင်းက ပြောပါတယ်။ ပစ်ခတ်သူဟာ အဲဒီတပ်က အစောင့်စစ်သားဖြစ်ပြီး စစ်သားတွေ အိပ်ပျော်နေတဲ့ မနက် ၂ နာရီမှာ အခင်းဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ “အသေးစိတ်တော့ မသိဘူး။ အကြမ်းဖျင်းပဲ သိရတယ်။ လက်ပစ်ဗုံးနဲ့ ခွဲပြီးတော့  သေနတ်နဲ့ပါ ပစ်တာပေါ့လေ။ အဲဒီမှာ ၃ ယောက်ကျတယ်။ ၅ ယောက်က ဒဏ်ရာရတယ်။ နောက်ဆုံးတော့ သူ့ကိုယ်သူပါ လုပ်ကြံတော့ သေတဲ့ သူက ၄ ယောက်ဖြစ်သွားတယ်။”လို့ ဦးကေဆိုင်းကပြောပါတယ်။ ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ စစ်သည် ၅ ဦးကို နန်းယွန်းဆေးရုံမှာပို့ဆောင် ဆေးကုသမှုခံယူစေပြီးနောက် တနိုင်းဆေးရုံကို လွှဲပြောင်းခဲ့ကြောင်း၊ ထိခိုက်သေဆုံး သူတွေထဲမှာ တပ်ကြပ်နဲ့ အရာရှိ အဆင့်တွေ ပါဝင်တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024