DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနှင့် အစိုးရ တပ်နေရာချထားရေးကိစ္စ ဆွေးနွေးမည်
DVB
·
June 23, 2012
ကေအန်ယူနှင့် အစိုးရ တပ်နေရာချထားရေးကိစ္စ ဆွေးနွေးမည်
Donate to DVB

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး ထိပ်ပိုင်းခေါင်းဆောင်တွေ ဒီလ မကုန်ခင် ထပ်မံတွေ့ဆုံပြီး တပ်နေရာချထားရေးကိစ္စ ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

ကေအန်ယူ ဒုတိယဥက္ကဋ္ဌ စောဒေးဗစ်သာကပေါကို မေးမြန်းရာမှာ အလွတ်သဘော တွေ့ဆုံနိုင်ဖွယ်ရှိပြီး တရားဝင်တွေ့ဆုံမှုကတော့ လာမယ့် လအတွင်းမှာမှ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။

နှစ်ဖက်သတင်းရပ်ကွက်တခု အဆိုအရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ အဖွဲ့ဟာ ၂၆ ရက်နေ့မှာ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေနဲ့ အလွတ်သဘော တွေ့ဆုံနိုင်သလို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် အပါအ၀င် ထိုင်း-မြန်မာနယ်စပ် အခြေပြု တခြားအဖွဲ့တွေနဲ့လည်း တွေ့ဆုံဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

ကေအန်ယူ တွဲဖက် အတွင်းရေးမှူး ၁ ဗိုလ်မှူး စောလှငွေက တွေ့ဖို့ရှိပေမယ့် ဘယ်တော့လာမယ်၊ ဘယ်မှာတွေ့မယ်၊ ဘယ်သူနဲ့တွေ့မယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ပြောပါတယ်။

တကယ်လို့ တွေ့ဖြစ်တဲ့အခါ ဆွေးနွေးမယ့် အကြောင်းအရာနဲ့ပတ်သက်ပြီး ဗိုလ်မှူး စောလှငွေက “ဟိုတခါ သွားတုန်းက ကျနော်တို့ ၂ ဖက် တပ်တွေနဲ့ ပတ်သက်ပြီး ၂ ဖက်တပ်တွေကတော့ လိုက်နာရမယ့် တပ်တွေ အဲဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ်လို့ ထင်တာပဲ။ နှစ်ဖက်တပ်တွေ တဖက်နဲ့ တဖက်၊ သွားလာတုန်း အထိအခိုက် မဖြစ်ရအောင် နှစ်ဖက်တပ်ရဲ့ နေရာတည်ရှိမှု သတ်မှတ်ချက်တွေ လုပ်ဖို့ကိစ္စတွေလည်း ရှိတယ်။”

အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် နှစ်ပေါင်း ၅၀ ကျော်  လက်နက်ကိုင် တိုက်ခိုက်လာတဲ့ ကရင်အမျိုးသားအစည်းအရုံးဟာ လက်ရှိအစိုးရ လက်ထက်မှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ပြီး တိုက်ပွဲတွေ ရပ်နေပါတယ်။ ကရင်ပြည်နယ်တွင်း ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းလို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတချို့မှာ အစိုးရဘက်နဲ့ အစပျိုး ပူးတွဲဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013