DVB Logo
Home
မြန်မာသတင်း
ရခိုင်ဒုက္ခသည်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်
DVB
·
June 24, 2012
ရခိုင်ဒုက္ခသည်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်
Donate to DVB

ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေအတွက် အဓိကပြဿနာက ကျန်းမာရေးပြဿနာနဲ့ စိုးရိမ်ထိတ်လန့် မှု ဖြစ်တယ်လို့ စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ပြောပါတယ်။

“ပြဿနာကကျန်းမာရေးစောင့်ရှောက်မှု ပြဿနာပဲ။ နောက်တခုက ဒီဒုက္ခသည်တွေကို ဒီလိုပဲ ဘုန်းကြီးကျောင်းတွေမှာပဲ အင်မတန် ရာသီဥတု ဆိုးဆိုးရွားရွားထဲမှာ သမံတလင်းပေါ်မှာ ဒီလိုပဲ ထားကြတော့ မလား။ ရွာတွေ၊ ရပ်ကွက်တွေကို ဘယ်လိုပြန်ပို့မလဲ၊ ဒုက္ခသည်တွေမှာက အကြောက်တရားနဲ့ ရင်ဆိုင်နေရတယ်။”

ဒုက္ခသည် ၂ မျိုးရှိရာမှာ တခုက ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရမှာ ကို ကြောက်လို့ မပြန်ရဲတဲ့ လူကြီးတွေ၊ မိန်းမတွေနဲ့ ကလေးတွေဖြစ်ပြီး ကျန်တမျိုးကတော့ နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေ အကုန်လုံး မီးထဲပါသွား သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

မောင်တောမှာ အစိုးရက နေရာချထားမှုတွေ ဆက်လုပ်နေပြီး အခြေအနေ ငြိမ်သက်နေ ပါတယ်လို့ ဆိုပါတယ်။

ဇွန် ၁၉ ရက်နေ့က ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာမှာ  လူ ၁၂ ဦး သေဆုံးခဲ့ရမှုနဲ့ စပ်လျဉ်းပြီး ဖမ်းဆီးမှုမှာ လူ ၁၀၀ ၀န်းကျင်လောက် ရှိသွားပြီလို့ နယ်မြေခံတွေထံက သိရပါတယ်။

ရခိုင်ပြည်နယ်တွင်း ဖြစ်စဉ်တလျောက် ဖမ်းဆီးမှုစာရင်းကို ထုတ်ပြန်ရာမှာ စစ်တွေရဲစခန်း ၀ိုင်းတဲ့ကိစ္စနဲ့ ဖမ်းခံရတဲ့ ရခိုင် ၄၁ ယောက် အနက် ၃ ယောက် ပြန်လွတ်ပြီး ကျောက်တော်မြို့မှာ မီးရှို့တဲ့ သံသယနဲ့ ဖမ်းခံရတဲ့ ရခိုင် ၁၄ ဦးစာရင်း မပါဘူးလို့  ဦးဦးလှစောက ပြောပါတယ်။

ဒီနေ့မှာတော့ ဂွမြို့နယ်က ၁ မိုင်ခန့်ဝေးကွာတဲ့ ဂွကျွန်းမှာ ဘင်္ဂါလီ ၁၀၀ ကျော် ရောက်ရှိနေတာကြောင့် ဂွမြို့ခံတွေအကြား ပူပန်နေပါတယ်။

မြို့ပေါ်မှာ ပျံ့နှံ့နေတဲ့သတင်းအရ ဘင်္ဂါလီ ၁၀၄ ဦးဟာ အဲဒီကျွန်းမှာ ရောက်ရှိနေတာ ၃ ရက်ခန့်ရှိပြီး တချို့ ဂွမြို့ကို လက်ပစ်ကူးလာကြတယ်လို့ ဂွဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူပေးပေမယ့် မြို့ခံတွေကတော့ ပူပန်မှုနေကြတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်း အခင်းဖြစ်စဉ်တွေကြောင့် ထွက်ပြေးတဲ့ ဘင်္ဂါလီတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်မခံဘဲ မြန်မာအစိုးရက လက်ခံဖို့ တိုက်တွန်းနေပြီး ရခိုင်ပြည်နယ်တွင်း အဖြစ်အပျက်တွေကြောင့် နှစ်နိုင်ငံဆက်ဆံရေး မထိပါးဘူးလို့ ဘင်္ဂလားဒေ့ရှ် ဥပဒေရေးရာဝန်ကြီးရဲ့ ပြောဆိုချက်ကို ဒီနေ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ကားပေါ်ပါ လူ ၁၀ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့တော့ မသင်္ကာသူတွေ ကို တစုံတရာ အရေးယူဆောင်ရွက်တာ မတွေ့ရသေးဘူးလို့ နယ်မြေခံတွေ က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013