Home
မြန်မာသတင်း
မဟာအောင်မြေမြို့နယ်တွင် ၁ သောင်းတန် ငွေစက္ကူအတု အရွက် ၃၀၀ ဖမ်းမိ
DVB
·
May 17, 2018
  မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်မှာ မေ ၁၆ ရက်နေ့က ကျပ် ၁ သောင်းတန် ငွေစက္ကူအတု အရွက် ၃၀၀ ဖမ်းဆီးမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ မဟာအောင်မြေမြို့နယ် Mr.BBQ စားသောက်ဆိုင်မှာ ငွေစက္ကူအတုတွေ လဲလှယ်နေကြောင်း သတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ စိုးလင်း (၄၀)နှစ် ပါ ၂ ဦးအား ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု အရွက် ၃၀၀ နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ စိုးလင်းပါ ၂ ဦးရဲ့ ထွက်ဆိုချက်အရ ကွင်းဆက်တရားခံဖြစ်တဲ့ အောင်ဆန်းဝင်း (၄၀) နှစ် အား နေအိမ်မှာ ထပ်မံဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။ စိုးလင်းပါ ၃ ဦး (ဖမ်းမိ)တို့အား မဟာအောင်မြေမြို့မရဲစခန်း (ပ)၃၁၄/၂၀၁၈၊ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်စစ်ဆေးစုံစမ်းနေကြောင်း သိရပါတယ်။ အဆိုပါငွေစက္ကူအမျိုးအစားတွေအား မှုခင်းရဲတပ်ဖွဲ့ရဲ့ ပဏာမ စိစစ်ချက်အရ နိုင်ငံခြားစက္ကူ အမျိုးအစားဖြစ်ပြီး စက္ကူသားချောနေတာ၊ အတုဟာ အစစ်ထက် အလျားနဲ့အနံ ၁ မီလီမီတာစီတိုတာ၊ အရောင်တောက်ပမှုမရှိတာ၊ တန်ဖိုးရေစာတွေပုံရိပ်သာပါရှိတာ၊ အရောင်ပြောင်းလဲမှုမရှိတာ၊ ကာလာပရင်တာနည်းနဲ့ တုပထားသလို လျှို့ဝှက်ချက်တွေလည်း မပါရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024