ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အောင်မင်္ဂလာ (အင်ပါလာ) ရပ်ကွက်မှာ ခိုလှုံနေတဲ့ ဘင်္ဂါလီရာပေါင်းများစွာကို ဒီနေ့ကစပြီး ကားကြီးတွေနဲ့ မြို့ပြင်ဘက်ပိုင်းက သဲချောင်းလို ဘင်္ဂါလီကျေးရွာတွေကို ပြောင်းရွှေ့နေရာချထားနေတယ်လို့ မျက်မြင်မြို့ခံတွေက ပြောပါတယ်။
စစ်တွေမြို့ပေါ်မှာ ဟိုးအရင်ရက်တွေထက်စာရင် တင်းတင်းမာမာ မရှိတော့ပေမယ့် ပထမဆုံး စစ်တွေမြို့မှာ ပြဿနာ စတင်ဖြစ်ပွားခဲ့တဲ့ မင်းဂံရပ်ကွက်မှာတော့ ရခိုင်တွေနဲ့ ဘင်္ဂါလီတွေ တဖက်နဲ့တဖက် စိုးရိမ်စိတ်နဲ့ ကင်းစောင့်နေကြဆဲလို့ ဆိုပါတယ်။
နှစ်ဖက် ကင်းချထားမှုဟာ ကွင်းပြင်တပြင်ပဲ ခြားနားသလို အဲဒီနေရာမှာ ရဲနဲ့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချမထားတာကြောင့် တဖက်နဲ့တဖက် သံသယတွေနဲ့ ကင်းချစောင့်ကြပ်နေကြတာလို့ ဆိုပါတယ်။ ရခိုင်တွေအနေများတဲ့ မင်းဂံရပ်ကွက်ကနေ ခပ်လှမ်းလှမ်းမှာ ဘင်္ဂါလီရွာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။










