DVB Logo
Home
မြန်မာသတင်း
မုံရွာက မြေယာပြဿနာ သမ္မတထံတိုင်ကြားရန် ပြင်ဆင်
DVB
·
June 22, 2012
မုံရွာက မြေယာပြဿနာ သမ္မတထံတိုင်ကြားရန် ပြင်ဆင်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်းမှာရှိတဲ့  ရွာပေါင်း ၂၃ ရွာက လယ်သမားတွေက သူတို့ ရင်ဆိုင်နေရတဲ့ လယ်ယာမြေပြဿနာတွေကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကနေ နိုင်ငံတော်သမ္မတအထိ တိုင်ကြားဖို့ ပြင်ဆင်နေကြပါတယ်။

၂၀၀၉ ခုနှစ်မှာ စတင်ခဲ့တဲ့ ကြေးနီစီမံကိန်းကို မြန်မာဝမ်ဘိုကုမ္ပဏီက  လက်ပန်းတောင်းတောင် ပတ်ဝန်းကျင်က လယ်ယာမြေ ၇၈၀၀ ကျော်ကို ၃ နှစ်စာ သီးနှံလျော်ကြေးပေးပြီး လုပ်ကိုင်ခဲ့ကြတာပါ။

ရွာပေါင်း ၂၃ ရွာက လယ်ယာမြေတွေဖြစ်ပြီး ကနဦးသဘောတူညီချက်အရ ရွာပြောင်းဖို့ကိစ္စ မပါဝင်ပေမယ့် မနှစ်ကတော့ ဆည်တည်း၊ ဝက်မှေး၊ ကံတော၊ ဇီးတော စတဲ့ ရွာ ၄ ရွာကို စီမံကိန်း ဧရိယာနဲ့ မလွတ်လို့ဆိုပြီး ပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။ ကံတောရွာတရွာလုံးနဲ့ ဝက်မှေးရွာက အိမ်ခြေတဝက်လောက်ကတော့ ရွာသစ်တွေဆီ ပြောင်းရွှေ့သွားခဲ့ကြတာပါ။

ဝက်မှေးရွာမှာ ကုမ္ပဏီက အာဏာပိုင်တချို့နဲ့ ပူးပေါင်းပြီး ဘုန်းကြီးကျောင်းကို ချိပ်ပိတ်တာ၊ ရွာကအိမ်တချို့ကို အတင်းအဓမ္မ ဝင်ဖျက်ဆီးတာတွေ လုပ်ခဲ့ကြပါတယ်။ ဝက်မှေးရွာက အိမ်ခြေတဝက်လောက်နဲ့ စာသင်ကျောင်းက ပစ္စည်းတွေပါ ပြောင်းရွှေ့သွားတာကြောင့် ရွာဟောင်းမှာကျန်ခဲ့တဲ့ ကလေးတွေရဲ့ ပညာရေးလည်း အခက်ကြုံကြရပါတယ်။

အဲ့ဒီ့နောက်ပိုင်း လယ်ယာမြေတွေထဲမှာ ကုမ္ပဏီက စွန့်ပစ်မြေစာတွေ ပုံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရွာသူရွာသားတွေနဲ့ ထိပ်တိုက်ပြဿနာ တက်ခဲ့ပြီး တာဝန်ရှိသူတွေ ဝင်ဖြေရှင်းပေးခဲ့အတွက် သဘောတူညီချက် တချို့ရခဲ့ပါတယ်။ အဲဒီထဲမှာ အခုလက်ရှိ လုပ်ငန်းတွေကို ရပ်ဆိုင်းထားရေး၊ ပြန်လုပ်တော့မယ် ဆိုရင်လည်း ရွာတွေကို ကြိုတင်သတိပေးရေးနဲ့ စွန့်ပစ်မြေတွေ ဆက်လက် မပုံရေးတို့ကို အဓိက သဘောတူခဲ့ကြပါတယ်။

လယ်တွေပေါ်မှာ အဆောက်အဦတွေ မဆောက်ရေး၊ ချိတ်ပိတ်ထားတဲ့ ဘုန်းကြီးကျောင်းပြန်ဖွင့်ရေး၊ ကလေးတွေ ပညာသင်ကြားရမယ့် နှစ်မှာ ပညာသင်ကြားနိုင်ရေး၊ ရွာမပြောင်းရွှေ့ရေး စတာတွေကို ရွာသူရွာသားတွေက တောင်းဆိုခဲ့ကြ ပါတယ်။

ဒီတောင်းဆိုချက်တွေ အပါအ၀င် သူတို့ရင်ဆိုင်ရတဲ့ လယ်ယာမြေ ပြဿနာတွေကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကနေ နိုင်ငံတော် သမ္မတ အထိအောင် အဆင့်ဆင့် ဆက်လက် တိုင်ကြားသွား ဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013