Live
Home
သတင်းဓာတ်ပုံ
သွေးစွန်းသော ကျောက်စိမ်းခရီး ဓာတ်ပုံပြပွဲ
DVB
·
May 16, 2018
မြန်မာ့အဖိုးတန် ကျောက်စိမ်းမြေဖြစ်တဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ကျောက်စိမ်းတွေ အလွန်အကျွံ ထုတ်နေတာနဲ့ ပတ်သက်လို့ ၂၅ နှစ်တာကာလအတွင်း မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေကို ရန်ကုန်မှာ ဒီနေ့ စတင်ပြသနေပါတယ်။ ‘သွေးစွန်းသော ကျောက်စိမ်းခရီး’လို့ အမည်ပေးထားတဲ့ အဲဒီပြပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်က Yangon Gallery မှာ မေ ၁၆ရက်က ၁၈ ရက်အထိ သုံးရက်ကြာ ပြသသွားမှာပါ။ ဒီပြပွဲမှာ ဓာတ်ပုံဆရာ စိုးဝင်းငြိမ်း၊ ကိုဇော် (ဖားကန့်) ဇော်မိုးထက်တို့ရဲ့ ဓာတ်ပုံပေါင်း ၇၀ ကျော်ကို ပြသထားပါတယ်။ ဖားကန့်ဒေသဟာ စစ်ရေးမငြိမ်သက်တဲ့ ဒေသဖြစ်သလို မကြာခဏ မြေစာပုံတွေ ပြိုကျပြီး လုပ်သားတွေ သေဆုံးတာ၊ ရေမဆေးကျောက် ရှာဖွေသူတွေနဲ့လည်း ပဋိပက္ခဖြစ်လေ့ရှိတဲ့နေရာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024