Home
မြန်မာသတင်း
မွန်ပြည်နယ်အတွင်း မတရားခံရမှုများအား အမြန်ဆုံးဖြေရှင်းပေးရေး ရေးမြို့တွင် ဆန္ဒပြ
DVB
·
May 16, 2018
  မွန်ပြည်နယ်အတွင်း မတရားခံရမှုတွေ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးရေးအတွက် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ မွန်ပြည်နယ်ဥက္ကဋ္ဌ ဦးဆောင်တဲ့ အင်အား ၃၀ ဦးခန့်ဟာ မေလ ၁၆ ရက်မနက်က  ရေးမြို့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ မွန်ပြည်နယ်အတွင်းက မြို့နယ်တွေဖြစ်တဲ့ ရေး၊ ပေါင်၊ ကျိုက်မရော၊ သထုံနဲ့ ကျိုက်ထို မြို့နယ်တွေက ပြည်သူတချို့ရဲ့တိုင်ကြားချက်တွေနဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်းအတွင်းက လူပွဲစားတွေကိစ္စ၊ ရေလုပ်သားတွေရဲ့ဘ၀လုံခြုံရေးကြပ်မတ်မှုတွေ အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးဖို့ အပါအ၀င် အချက် ၂၁ ချက်နဲ့ ကြွေးကြော်ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ မွန်ပြည်နယ်ဥက္ကဋ္ဌ ဦးထွန်းအေးက “တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူများမတရားပြုလုပ်ခံရတာတွေကို အစိုးရက အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့ရည်ရွယ်ချက်နဲ့ပါ”လို့ ဒီဗွီဘီကိုပြောပါတယ်။ ကြွေးကြော်သံ ၂၃ ချက်တင်ပြခဲ့ပေမယ့် မွန်ပြည်နယ်ဝန်ကြီးချုပ်နုတ်ထွက်ပေးရေးနဲ့ ပတ်သက်လို့ အချက် နှစ်ချက်ပယ်ချခံခဲ့ရပါတယ်။ ဆန္ဒဖော်ထုတ်သူတွေအနေနဲ့ ရေးမြို့ ရွှေကျောင်းလမ်းအတိုင်း ပြည်သူ့ရင်ပြင်အထိ လှည့်လည်ခဲ့ကြပြီး ဆန္ဒပြပွဲကိုအဆုံးသတ်ခဲ့ ပါတယ်။ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ မွန်ပြည်နယ်ဥက္ကဋ္ဌ ဦးဆောင်ပြီး ရေးမြို့ဆန္ဒပြပွဲ မတိုင်ခင် ယခုလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တို့က လူအင်အား ၃၀ ကျော်ခန့်နဲ့ ကျိုက်ထိုနဲ့ မော်လမြိုင်မြို့တို့မှာလည်း ဆန္ဒဖော်ထုတ်ခဲ့ကြပါသေးတယ်။   သတင်း- ၀င်းနိုင်သက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024