Home
မူဆယ်မြို့ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူများအတွက် ၀မ်းနည်းကြောင်း အမေရိကန်သံရုံး ထုတ်ပြန်
မူဆယ်မြို့ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူများအတွက် ၀မ်းနည်းကြောင်း အမေရိကန်သံရုံး ထုတ်ပြန်
မူဆယ်မြို့ ပစ်ခတ်မှုအတွင်း အသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ ဒဏ်ရာရရှိခဲ့သူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူဝမ်းနည်းကြေကွဲမိတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ ကြေညာပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မေလ ၁၂ရက်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၂ ယောက်အပါအဝင် အရပ်သား ၁၅ ယောက် သေဆုံးပြီး ရဲနဲ့ ပြည်သူ့စစ် ၄ ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။
သေကျေဒဏ်ရာရမှုတွေရှိခဲ့တဲ့အတွက် များစွာစိုးရိမ်ပူပန်မိတဲ့အကြောင်း၊ ပဋိပက္ခအတွင်း အသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ ဒဏ်ရာရရှိခဲ့သူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲမိကြောင်း၊ အရပ်သားတွေကို အကာအကွယ်ပေးရာမှာ နောက်ထပ်သေကျေဒဏ်ရမှုတွေ မဖြစ်ပေါ်စေရေးအတွက် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ အမေရိကန် သံရုံးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ပဋိပက္ခကြောင့် ဒုက္ခရောက်ရသူအားလုံးထံသို့ လူသားချင်းစာနာမှု အကူအညီတွေ ရောက်ရှိနိုင်ဖို့ ခွင့်ပြုပေးဖို့နဲ့ ဒီနိုင်ငံကို ဆယ်စုနှစ်များစွာ ဒုက္ခပေးနေခဲ့တဲ့ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့အတွက် ညှိနှိုင်းဆောင်ရွက်ကြဖို့လဘ်း သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကိုတိုက်တွန်းထားပါတယ်။