ငြိမ်းချမ်းရေးအတွက် တာမွေအ၀ိုင်းထိပ်၌ ဆန္ဒပြခဲ့သူ ၈ ဦးကို အာမခံဖြင့်ပြန်လွှတ်ပေး
ကျော်ဇေယျာဝင်း
·
May 14, 2018
ရန်ကုန်မြို့ တာမွေအဝိုင်းထိပ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံထားရသူ ရှစ်ဦးကို ဗဟန်းမြို့မရဲစခန်းက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
ငြိမ်းချမ်းရေးလှုပ်ရှားမှု လူထုဆန္ဒပြပွဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကိုဇေယျာလွင်၊ ကိုတင်ထွဋ်ပိုင်၊ ကိုမြတ်ကျော်၊ ကိုဖိုးစိုး၊ မခင်စန္ဒာ၊ ကိုရဲထွဋ်လွင်၊ ကိုပြည့်ဖြိုးနဲ့ မထားထားနွယ် တို့ ရှစ်ဦးကို ဗဟန်းမြို့မရဲစခန်းက ၂၄ နာရီထိန်းသိမ်းပြီးနောက် ကိုယ်ပိုင်ခံဝန်နဲ့ ချုပ်မိန့်ကင်း လွတ်ခွင့် အာမခံ ပေးလိုက်တာပါ။
ငြိမ်းစုစီဥပဒေမှာတော့ ပြစ်မှုတစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူကို ပြစ်မှုဖောက်ဖျက်ကျူးလွန်တဲ့နေ့မှ ၁၅ ရက်အတွင်း သက်ဆိုင်ရာတရားရုံးသို့ တရားစွဲဆို တင်ပို့ရမယ်လို့ပါရှိပါတယ်။
အာမခံရရှိသူတွေကို ဗဟန်းမြို့မရဲစခန်းက ငြိမ်းစုစီဥပဒေပုဒ်မ ၂၀နဲ့တရားစွဲဆို ထားတာဖြစ်ပြီး ပြစ်မှုထင်ရှားကြောင်းပေါ်လွင်ရင်တော့ ထောင်ဒဏ်တစ်လနဲ့ ဒဏ်ငွေသုံးသောင်း ကျခံရမှာဖြစ်ပါတယ်။