DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးတွင် ဝ တပ်ဖွဲ့ပါမလာသေးသည့်အပေါ် တိုင်းပြည်လုံခြုံရေးအတွက် စိုးရိမ်
DVB
·
May 14, 2018
Donate to DVB

 

မြန်မာပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ UWSA ၀လက်နက်ကိုင်တပ်ဖွဲ့ပါဝင် မလာသေးတဲ့အပေါ် နိုင်ငံလုံခြုံရေးအတွက် စိုးရိမ်တယ်လို့ ၁၉၉၀ လွှတ်တော် အမတ်ဟောင်း ဒေါက်တာ တင့်ဆွေက ပြောကြားလိုက်ပါတယ်။

၁၉၉၀ပြည့်ရွေးကောက်ပွဲနောက်ပိုင်း စစ်အစိုးရရဲ့ဖမ်းဆီးမှုတွေကြောင့် ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရာက နှစ်ပေါင်း ၂၇ နှစ်ကျော်အကြာမှာ ပထမဆုံးအကြိမ် မြန်မာပြည်ပြန်လာတဲ့ ဒေါက်တာတင့်ဆွေနဲ့ မုံရွာမြို့အခြေစိုက် သတင်းထောက်တွေ မနေ့က တွေ့ဆုံရာမှာ ပြောဆိုခဲ့တာပါ။

လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးကိစ္စ္စတွေကို ဆောင်ရွက်လာခဲ့ကြပေမယ့် ဆောင်ရွက်ပုံမတူတာတွေ၊ ချဉ်းကပ်ပုံ ကွဲလွဲတာတွေကိုလည်း ပြောပြခဲ့ပြီး အထူးသဖြင့် ဝ တပ်ဖွဲ့ဝင်ရောက်မလာသေးတဲ့အပေါ်မှာ အခုလိုပြောဆိုခဲ့တာပါ။

ဒေါက်တာတင့်ဆွေက “ ဝ အဖွဲ့၊ UWSA ဘာကြောင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဒီအဆင့်တွေမှာ မပါသေးသလဲဆိုတဲ့မေးခွန်းကို ကျနော်တို့  တိုင်းပြည် လုံခြုံရေးအတွက် အစိုးရိမ်ဆုံးပဲ။ က်န္တာ မစိုးရိမ္ဘူး။ ချင်းဖြစ်ဖြစ်၊ မွန်ဖြစ်ဖြစ်၊ ပလောင်ဖြစ်ဖြစ်၊ TNLA ဖြစ်ဖြစ် ကျနော်မစိုးရိမ်ဘူး။ ဒီ ဝ အဖွဲ့နဲ့ပတ်သက်လို့ တိုင်းပြည်ရဲ့ လုံခြုံရေးအတွက် ကျနော် စိုးရိမ်မှုတွေရှိနေတယ်။ အဲဒါကို ဘယ်အစိုးရကမှ အစိုးရ နှစ်ဆက်ရော၊ တပ်မတော်ရောက မယ်မယ်ရရ မြင်သာတဲ့ဟာ အဆင့်လောက်မပြောနဲ့ အဲဒီရဲ့နောက်အဆင့်တောင်ရောက်အောင် မလုပ်နိုင်ကြသေးဘူးလို့ ကျနော်ထင်တယ်။ ဒါစိတ်မကောင်းစရာ အင်မတန်ကောင်းပါတယ်။”လို့ ပြောပါတယ်။

ဝ တပ်ဖွဲ့နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံလုံခြုံရေးအရ ဘာကြောင့်စိုးရိမ်စရာကောင်းတာလဲ။ ဘယ်အရာတွေက လုံခြုံရေးအတွက် စိုးရိမ်စရာအခြေအနေဖြစ်နေလဲဆိုတာနဲ့ ပတ်သက်ပြီး တော့ အသေးစိတ်ပြောဆိုသွားတာတော့ မရှိခဲ့ပါဘူး။

လက်ရှိမှာ UWSA ခေါ်တဲ့ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် က မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ စစ်အင်းအား အတောင့်တင်းဆုံး တပ်ဖွဲ့တစ်ခုလည်း ဖြစ်နေသလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ကိုယ်ပိုင်ပြဌာန်းထားတဲ့ ဒေသန္တရဥပဒေ၊ အမိန့်တွေနဲ့ အုပ်ချုပ်နေတာလည်း ဖြစ်ပါတယ်။

စစ်ရေးအရမှာလည်း ပြည်တွင်းစစ်အနေအထားမှာ အစိုးရတပ်မတော်နှင့် ဝ တပ်တို့ ထိပ်တိုက်တွေ့မှုတွေက အခြား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထက်လည်း အင်မတန် နည်းပါးပါတယ်။

ဒေါက်တာတင့်ဆွေဟာ မုံရွာအခြေစိုက်သတင်းထောက်တွေနဲ့ မေလ ၁၃ ရက်က ချင်းတွင်းအင်စတီကျုရုံးမှာ တွေ့ဆုံခဲ့ကြပြီး ဒေသတွင်း နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ကိစ္စ္စတွေကို အပြန်အလှန် မေးမြန်းေ ဆွးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဒေါက်တာတင့်ဆွေက မြန်မာပြည်ကို ခဏတာ အလည်အပတ်လာရောက် နေတာဖြစ်ပြီး ဗီဇာသက်တမ်းကုန်ရင် အမေရိကန်နိုင်ငံကို ပြန်သွားမယ်လို့ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာတော့ ကျောင်းဆရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်နေပြီး မိသားစုနဲ့အတူ အေးအေးချမ်းချမ်းနဲ့ဘဝကို ဖြတ်သန်းနေသလို တစ်ဖက်မှာလည်း သူတတ်ကျွမ်းရာ ဆေးပညာဆိုင်ရာ ဆောင်းပါးတွေ ရေးသားနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013